BEC-TERO TV

အနှစ် ၂၀ လုံး စားပြီးအန်နေရတဲ့ စင်ကာပူအမျိုးသမီးရဲ့ လျှို့ဝှက်ချက်

30 Aug 2016     1,242 Views


စင်ကာပူနိုင်ငံသူ 'ဂျင်းန်’ ဟာ အသက် ၄၀ နှစ်အရွယ် ပညာတတ်အမျိုးသမီးတစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့အနှစ် ၂၀ လုံးလုံး လျှို့ဝှက်တစ်ခုနဲ့ နေထိုင်ခဲ့သူဖြစ်ပါတယ်။

နေ့စဉ်ဘဝမှာတော့ သူမဟာ အစာကို ဗိုက်ပြည့်အောင်စားမယ်၊ ခေါက်ဆွဲဆိုလည်း နှစ်ပွဲသုံးပွဲ ဒါမှမဟုတ် ကိတ်မုန့်ကြီးတစ်ခုလုံးတောင် တစ်ထိုင်ထဲနဲ့ စားချင်စားတတ်သူပါ၊ အဲလိုတွေစားသောက်ပြီးရင်တော့ တစ်နာရီအကြာလောက်မှာ အားလုံးကို ပြန်အန်ထုတ်ပစ်ပါတော့တယ်။

‘ဂျင်းန်’ ဟာ အစာအသောက်စားပြီးတဲ့နောက် နေလို့ထိုင်လို့ မကောင်းဖြစ်တဲ့ စိတ်ရောဂါကို ခံစားနေခဲ့ရပါတယ်၊ ဒီလို အစားအစာနဲ့ ပက်သက်တဲ့ ရောဂါအစဟာ သူမရဲ့ ဆယ်ကျော်သက်အရွယ် ကုန်ဆုံးခါနီးမှာ ကီလို ၆၀ ကျော်လောက် ဝတက်လာတာကနေ ဇာတ်လမ်းစခဲ့တာပါ။

“ကျွန်မကို ကျောင်းမှာ အခြားမိန်းကလေးတွေကလည်း အခေါ်အပြောမလုပ်ချင်ပဲ ဝိုင်းကြဉ်ခံခဲ့ရတယ်၊ အမျိုးတွေဆိုရင်လည်း ကျွန်မရဲ့ ပုံစံကိုကြည့်ပြီး စနောက်ကြတယ်” လို့ ပြောပါတယ်။

ဒါကြောင့်သူမက ကိုယ်အလေးချိန်လျော့ချဖို့ စလုပ်ခဲ့ပါတယ်၊ ၁၀ ကီလိုလောက်လျော့ကျသွားခဲ့ပြီး ကီလို ၅၀ ဆိုတဲ့ အနေအထားက သူမရဲ့ ၁.၆ မီတာ အရပ်နဲ့ဆိုရင် လိုက်ဖက်ပြီး ကျန်းမာရေးအရ သင့်တော်တဲ့ အခြေနေကို ပြန်ရခဲ့ပါယ်။

ဒါပေမယ့် ကွတ်ကီးတစ်ဗူးက သူမရဲ့ စိတ်တွေကို အစွန်းရောက်အောင် တွန်းပို့ခဲ့ပါပြီ။ ကြောက်စရာကောင်းလောက်အောင် ပြန်တက်လာတဲ့ ကိုယ်အလေးချိန်ကြောင့် အိမ်တွင်းအောင်းပြီး စားပီးသမျှအစာတွေ ပြန်အန်ထွက်အောင် အတင်းလုပ်ပါတော့တယ်။ အဲဒီနောက်မှာတော့ အလေ့အကျင့်ကြီး တစ်ခုလို ဖြစ်လာပြီး စားသောက်လိုက် ပြန်အန်ထုတ်လိုက်နဲ့ သံသရာလည်လာပါတယ်။

“ငါစားချင်တာ စားပြီး၊ ပြန်အန်ထုတ်လိုက်တော့လည်း ပြီးသွားတာပဲ လို့ ကျွန်မထင်ခဲ့တာ” ဟု ‘ဂျိင်းန်’ က ဆိုပါတယ်။

ဒီလိုနည်းနဲ့ ကီလို ၅၀ ထက်ပိုပြီး ဝိတ်မတက်အောင် နှစ် ၂၀ လုံးလုံး ဘယ်သူမှမသိအောင် ထိန်းထားခဲ့ပါတယ်။

ဒါပေမယ့် ဒီအလေ့အထကြီးက သူမရဲ့ ခန္ဓာကိုယ်မှာ ဖြတ်သန်းစီးဆင်းခဲ့ပြီးတဲ့နောက်မှာ၊ နေမကောင်းဖြစ်ခြင်း၊ မသက်မသာဖြစ်ခြင်း စတာတွေကို ခံစားခဲ့ရပြီး သူမဆံပင်တွေ စကျွတ်လာပါတယ်၊ သွားတွေလည်း ဝါထိန်နေခဲ့ပြီး အတော့်ကို အကျည်းတန်စေခဲ့ပါတယ်။ အဒါတွေ ဘာကြောင့်ဖြစ်တာလဲဆိုတာကို ဆန်းစစ်လိုက်တဲ့အခါ အစားအသောက်စားတဲ့ ပုံစံတွေ မူမမှန်လို့ ဆိုတာကို သူမရဲ့ ချစ်သူဖြစ်သူက စတင်သတိပြုမိခဲ့ပြီး ဆေးကုသမှု ခံယူခဲ့ပါတယ်။

“ကျွန်မဟာ အနှစ် ၂၀ လုံးလုံး လက်ထိပ်ခပ်ချုပ်နှောင်ခံထားရသလိုပဲ” ဟု သူမရဲ့ ခန္ဓာကိုယ်အလေးချိန်ကို ကီလို ၅၀ မကျော်အောင် အမြဲထိန်းသိမ်းခဲ့သူ ‘ဂျင်းန်’ က ပြောပါတယ်။ “အခုဆိုရင် ကိုယ်ရောစိတ်ပါ ပိုမိုကျန်းမာလာပြီး ပုံမှန်ဘဝလမ်းကြောင်းပေါ် ပြန်ရောက်ပါတော့မယ်” လို့ သူမက ပြောပါတယ်။

ဒါကြောင့်မို့ လှချင်ပချင်၊ ဝိတ်ချချင်ကြသူတွေ အတွက် ကျန်းမာရေး လေ့ကျင့်ခန်းကသာ အသင့်တော်ဆုံးနဲ့ အကောင်းဆုံးနည်းလမ်း တစ်ခုဖြစ်ပါတယ်။

Ref: Stomp


30 Aug 2016     1,242 Views




RELATED

Most Popular of Special or Others

Most Popular of NEWS