BEC-TERO TV

မြန်မာငွေ ၉၆၀၀ ကျပ်သာ ကျသင့်သည့် လက်ဗွေရာစနစ် ပါဝင်သော ကမ္ဘာ့တန်ဖိုးအနည်းဆုံး စမတ်ဖုန်း ChampOne C1

30 Aug 2016     1,253 Views


-ကမ္ဘာ့တန်ဖိုးအနည်းဆုံးစမတ်ဖုန်း အမည်က Champ One C1

-တန်ဖိုးက ရူဘီ ၅၀၁၊ ဒေါ်လာနဲ့ ဆိုရင် ၈ ဒေါ်လာ၊မြန်မာငွေ ၉၆၀၀ ၀န်းကျင်

-လက်ဗွေရာစနစ်ပါဝင်၊ RAM 2 GB အသုံးပြုထားပြီး၊ ROM 16 GB ပါဝင်

-ဒီဖုန်းကို ၀ယ်ယူမယ်ဆိုရင် Cham1india မှာ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်

-မှတ်ပုံတင်ထားတဲ့ သုံးစွဲသူတွေအနေနဲ့ ပထမအသုတ် ရောင်း ချချိန်မှာ ရူဘီ ၅၀၁ နဲ့ ၀ယ်ယူနိုင်မှာဖြစ်ပါတယ်

CampOne C1 ကို ChamOne က ဖန်တီးလိုက်တာဖြစ်ပြီး အိန္ဒိယဈေးကွက်မှာ ရောင်းချနေပါတယ်။ မြန်မာကျပ်ငွေ ၉၆၀၀ နဲ့ရောင်းနေ တယ်ဆိုတာ ပရိုမိုးရှင်းအနေနဲ့ ရောင်းချတာဖြစ်ပါတယ်။ ဈေးကွက်အားလုံးကို ပုံမှန်အ တိုင်း ဖြန့်ချိရောင်းချိန်မှာ ရူဘီ ၈၀၀၀ ၀န်းကျင်နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ChamOne ဟာ ပထမအသုတ်ရောင်း ချမှုကို စက်တင်ဘာလ ၂ ရက်နေ့မှာ ပြုလုပ်သွား မှာဖြစ်ပါတယ်။

ChamOne C1 စမတ်ဖုန်းက မျက်နှာပြင် ၅ လက်မဖြစ်ပြီး IPS ရုပ်ထွက် သုံးထားပါတယ်။ 1.3 GHz Quad-Core Processor နှင့် အထိုင် ချထားပါတယ်။ ဒါ့အပြင် ChamOne C1 မှာ ကျောဘက်ကင်မရာ 8 MP ထည့်သွင်း ထားပြီး ရှေ့ကင်မရာက 5MP ဖြစ်ပါတယ်။ ဘက်ထရီ ပမာဏက 2500 mAh ဖြစ်ပါတယ်။

Soure : mayoneyinponepyinmat/


30 Aug 2016     1,253 Views




RELATED

Most Popular of Special or Others

Most Popular of NEWS