BEC-TERO TV

ပရိသတ်များကို ညှို့ယူဖမ်းစားနေသည့် နိုင်ငံတကာ စစ်တီးဝိုင်းပွဲတော်

30 Aug 2016     1,279 Views


-နိုင်ငံတကာစစ်တီးဝိုင်းပွဲတော်ကို သြဂုတ် ၂၇ ရက်နေ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်၊ ရင်ပြင်နီမှာစတင်ကျင်းပ

-ကမ္ဘာ့အကြီးဆုံးစစ်တီးဝိုင်းပွဲတော်တွေထဲက တခုဖြစ်ပြီး စက်တင်ဘာလ ၄ ရက် နေ့အထိ ကျင်းပတာပါ

-ပွဲတော်မစတင်ခင် အီတလီမြေငလျင်လှုပ်ခတ်မှုအတွင်း သေဆုံးခဲ့သူ ၂၉၀ ကျော်အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ် ၁ မိနစ်ငြိမ်သက်ခဲ့ပါတယ်

-နိုင်ငံပေါင်း ၁၂ နိုင်ငံက စစ်တီးဝိုင်းအဖွဲ့ ၂၂ ဖွဲ့ပါဝင်ခဲ့ကြပြီး ရုရှားစစ်တီးဝိုင်းအဖွဲ့ ၁၂ ဖွဲ့ပါဝင်ပါတယ်

နှစ်စဉ်နှစ်တိုင်း ပွဲတော်တင်ဆက်မှုက အဆင့်မြင့်တိုးတက်လာပြီး လာရောက်ကြည့်ရှုတဲ့ ပရိသတ်ဦးရေလည်း တိုးတက်လာတယ်လို့ မော်စကိုမြို့ခံ ပရိသတ်တဦးက ပြောဆိုပါတယ်။ပွဲတော်လာရောက်ကြည့်ရှုတဲ့ ပရိသတ် ၇၅၀၀ ကျော်က စစ်တီးဝိုင်းတွေရဲ့ သရုပ်ပြစွမ်းရည်ကို တအံ့တသြ ကြည့်ရှုခဲ့ကြပါတယ်။လာမယ့်လ ၄ ရက်နေ့အထိ ပွဲတော်ရက်အတွင်း မော်စကိုမြို့တော်ပန်းခြံတွေမှာ လေဟာပြင် တေးဂီတ ဖျော်ဖြေမှုတွေကိုလည်း ကျင်းပသွားကြမှာဖြစ်ပါတယ်။

Soure : burmese.dvb.no/


30 Aug 2016     1,279 Views




RELATED

Most Popular of International News

Most Popular of NEWS