လှည်းကူးတွင် အဝီစိတွင်း တူးရာမှ မီးတောက်များ ပန်းထွက်၍ ဘေးကင်းရာသို့ ပြောင်းရွေ့
31 Aug 2016 1,536 Views

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင်းရှိ စပင်မြောက်ကျေးရွာ၏ အိမ်တစ်အိမ်တွင် သြဂုတ်လ ၂၉ ရက်နေ့ကအဝီစိတွင်းတူးရာ အနက်ပေ ၂၂၀ အရောက်မှာ မီးတောက်များ ပန်းထွက်လာခဲ့ပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှုထံ အကြောင်းကြားခဲ့ပြီးနောက် မီးတောက်များကို မီးသတ်နှင့် ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းမီးငြိမ်းသတ်ပေးခဲ့ကြပါတယ်။
မီးတောက်ပန်းထွက်နေမှုကြောင့် နေအိမ်နှစ်ခုမှ မိသားစုများကို အန္တရာယ်ကင်းဝေးစေရန် မြို့နယ်အုပ်ချုပ်ရေးမှုး ဦးအောင်ကျော်က သူ၏အိမ်တွင် ခေတ္တပြောင်းရွေ့နေရာချထားခဲ့ပါ တယ်။ စပ်ပင်မြောက်ကျေးရွာသည် အိမ်ခြေပေါင်း ၂၂၀ ကျော်ရှိပြီး၊ မီးတောက်ဖြစ်ပေါ်သည့်နေရာနှင့် ရွှေပြည်သာသဘာဝဓါတ်ငွေ့ပိုက်လို င်း တည်နေရာက နှစ်မိုင်ပတ်ဝန်းကျင်ခန့်သာ ကွာဝေးကြောင်း သိရှိရပါတယ်။
သဘာဝဓါတ်ငွေ့ကြောင့် မီးတောက်ဖြစ်ပေါ်ခဲ့သည်ဟု ယူဆရပြီး ရွှေပြည်သာ သဘာဝဓါတ်ငွေ့ပြုပြင်ထိန်းသိမ်းေ ရးအဖွဲ့က ဘူမိဗေဒပညာရှင်အသင်းကို အကြောင်းကြားထားခဲ့ပါတယ်။
သာဘာဝဓါတ်ငွေကြောင့်လား၊ မြေဆီသြဇာကြောင့်လား ဆိုတာကိုတော့ ဘူမိဗေဒပညာရှင်များက သြဂုတ်လ ၃၀ ရက်နေ့မှာ လာရောက်စစ်ဆေးမယ်လို့ သိရပါတယ်။
Ref: ရတနာပုံသတင်းစာ
Ref: ရတနာပုံသတင်းစာ