BEC-TERO TV

ပြည်တွင်း၌သက်တော်စောင့်အဖွဲ့ တည်ထောင်သူ ဝင်းအောင် (ခ) ပတ္တလာအား ဖမ်းဆီး

01 Sep 2016     1,620 Views


ပြည်တွင်းသက်တော်စောင့်လုပ်ငန်းကို ဦးစီးတည်ထောင်သူ ဦးဝင်းအောင် (ခ) ပတ္တလား အား အစိုးရကထုတ်ပြန်ထားသည့် တရားဥပဒေများကို ချိုးဖောက်မှုနှင့် မြိတ်ခရိုင် ရဲတပ်ဖွဲ့က သြဂုတ်လ ၃၀ ရက်နေ့ ၂၀၁၆ ခုနှစ်က ဖမ်းဆီးထိန်းသိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ (အဖ) ဦးလှမြင့်၏ သားဖြစ်သူ ဦးဝင်းအောင် (ခ) ပတ္တလား အသက် ၅၆ နှစ်သည် ၂၀၁၃ ခုနှစ်တွင် တနင်္သာရီမြို့နယ် မောင်တောင်မြို့သို့ ပြောင်းရွေ့နေထိုင်ခဲ့ပြီးနောက် အုပ်ချုပ်ရေးအဖွဲ့အစည်းများက ထုတ်ပြန်ထားသည့် ဥပဒေများကို ဆန့်ကျင်သည့် လုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေနိုင်သော ပြစ်မှုများကို ကိုယ်တိုင်ကျူးလွန်ရုံသာမက သူတစ်ပါးကိုလည်း ကျူးလွန်ရန် အားပေးခဲ့သူတစ်ဦးဖြစ်သည်။

အဆိုပါ ပြစ်မှုနှင့် အပြုအမူများသည် ရပ်ရွာနေပြည်သူလူထုကို အန္တရာယ်ဖြစ်စေနိုင်သည့်အတွက် ဦးဝင်းအောင် (ခ) ပတ္တလား အားရှာဖွေဖမ်းဆီးခဲ့ရာ မြိတ်မြို့ ငွေပုလဲစက်မှုဇုန် အနီးရှိ "လေယာဉ်မယ်" အအေးခန်း ဧည့်ရိပ်သာတွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

Ref: မြိတ်ပုလဲမြေ


01 Sep 2016     1,620 Views




RELATED

Most Popular of Special or Others

Most Popular of NEWS