ပင်လုံစာချုပ် အကောင်အထည် မဖော်ခဲ့ခြင်းကြောင့် လက်နက်ကိုင်ရခြင်းဖြစ်ဟု UNFC ဥက္ကဌ ပြော
01 Sep 2016 1,571 Views
ညီညွှတ်သောတိုင်းရင်းသား လက်နက်ကိုင်များအဖွဲ့အစည်း UNFC ရဲ့ ဥက္ကဋ္ဌ ဦးအင်ဘန်လ ကပင်လုံစာချုပ်ပါ သဘောတူညီချက်တွေ၊ ကတိက၀တ်တွေကို ပြီးပြည့်စုံအောင် အကောင်အထည် မဖော်ခဲ့ကြတာကြောင့် တိုင်ရင်းသားတွေ လက်နက်ကိုင်ခဲ့ရခြင်းဖြစ်တယ်လို့ သြဂုတ် ၃၁ ရက်က နေပြည်တော် MICC 2 မှာပြုလုပ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီ လာခံဖွင့်ပွဲ မိန့်ခွန်းမှာပြောပါတယ်။







