အရက်မူးနေသည့်ဖခင်က သမီးအရင်းကို သားမယားပြုကျင့်မှုဖြစ်ပွား
01 Sep 2016 1,639 Views

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် စကားကုန်းအုပ်စု ယင်းခဲကျေး
ရွာတွင် ဖခင်အရင်းဖြစ်သူက အသက် ၁၃ နှစ်အရွယ် သမီးအရင်းကို သားမယားပြုကျင့်မှု ဖြစ်ပွားခဲ့သည်။

၃၀.၈.၂၀၁၆ ရက်နေ့ ညနေ ၇:၃၀ နာရီခန့်အချိန်တွင် ရွာဘုန်းကြီးကျောင်းသို့ မြသပိတ်အလှူလှည့်ပြီး အိမ်သို့အပြန်တွင် ဖခင်ဖြစ်သူ ဦးကြည်ထွန်း
မှာ အရက်မူးနေပြီး ဆူပူကြိမ်းမောင်းဆဲဆိုနေသဖြင့် မိခင်ဖြစ်သူမှ ထိုသို့ မပြောရန် တားဆီးရာတွင် ၎င်းအနီးရှိ တောခုတ်ဓါးအားယူပြီး မိခင်ဖြစ်သူအား လိုက်ခုတ်သဖြင့် မိခင်ဖြစ်သူမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး နာရီဝက်ခန့်အကြာတွင် 'နင့်အမေကို လိုက်ရှာရအောင်'ဟု ပြောသဖြင့် ဓါတ်မီးဖွင့်ပြီးလိုက်ရှာကြရာ အိမ်နောက်ဖေး ဆူးပုတ်ပင်အနီးရောက်ရှိချိန်တွင် ဦးကြည်လင်းမှ သမီးအား "လင်မယား အရာနေရအောင် "ဟု ပြောရာ သမီးဖြစ်သူ မ…….. မှ ငြင်းဆန်သောအခါ နားရင်းအားရိုက်လိုက်ပြီး မြေပေါ်သို့ လဲကျသွားချိန်တွင် အလိုမတူဘဲ သားမယားပြုကျင့်ခဲ့သည်ဟု ဆိုသည်။
ယင်းကြောင့် သမီးအရင်းအား အတင်းအဓမ္မ သားမယားပြုကျင့်ခဲ့သည့် ဦးကြည်ထွန်း အသက် (၄၁) နှစ်အား သမီးအရင်းဖြစ်သူ မ…… မှ တိုင်တန်းရာ (ပ) ၂၂၈/၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့် ကသာမြို့မ ရဲစခန်းမှ ဖမ်းဆီးအမှုဖွင့် အရေးယူ ဆောင်ရွက်နေကြောင်း သိရသည် ။
Credit: NewsWatch







