BEC-TERO TV

Facebook ရဲ့ ပထမဦးဆုံး လွှတ်တင်မည့် ဂြိုလ်တုပျက်စီးမှုကြောင့် မာ့ခ်ဇူကာဘာခ် အကြီးအကျယ်စိတ်ပျက်

02 Sep 2016     1,273 Views


Facebook ရဲ့ Internet.org အစီစဉ်အတွက် ရည်ရွယ်ပြီးတည်ဆောက်ထားတဲ့ AMOS-6 ဂြိုလ်တုကို ကြာသပတေးနေ့က စမ်းသပ်လွှတ်တင်ခဲ့ရာ SpaceX Falcon 9 ဒုံးပျံ ပေါက်ကွဲခဲ့တာကြောင့် ဂြိုလ်တုမှာ ပျက်စီးသွားခဲ့ပါတယ်။
 
Facebook တည်ထောင်သူ မာ့ခ်ဇူကာဘာခ် က သူ့ရဲ့ Facebook စာမျက်နှာမှာ
SpaceX လွှတ်တင်တာ ပြဿနာဖြစ်ပြီး ဂြိုလ်တုပျက်စီးသွားတဲ့အတွက် အတော်လေး စိတ်ပျက်မိပါတယ်။ ဒီဂြိုလ်တုက စွန့်ဦးစီးပွားရေလုပ်ငန်းရှင်တွေနဲ့ လူသားအားလုံးအတွက် ကမ္ဘာ့တိုက်ကြီးတွေကို ဖြတ်သန်းပြီး ချိပ်ဆက်ပေးနိုင်မယ်ဟာတစ်ခု ဖြစ်လို့ပါပဲ။
ဟု မကြာသေးခင်က ရေးသားဖော်ပြခဲ့ပါတယ်။
 
Facebook က AMOS-6 ဂြိုလ်တုအတွက် ဒေါ်လာသန်း ၂၀၀ အသုံးပြုမှာဖြစ်ပြီး ကမ္ထာ့နေရာအချို့ကို အခမဲ့အင်တာနက် ရောင်ခြည်တန်း လွှတ်ဖို့ရည်ရွယ်ပါတယ်၊ အဆိုပါ ဂြိုလ်တုကို SpaceX Falcon 9 ဒုံးပျံက အာကာသပတ်လမ်းထဲကို တင်ဆောင်သွားဖို့ဖြစ်ပါတယ်။ 
 
ဆက်လက်ပြီး မာ့ခ်ဇူကာဘာခ် က မြန်နှုန်းမြင့် အင်တာနက် ပံ့ပိုးပေးနိုင်မယ့် ကုမ္ပဏီရဲ့ ဒရုန်းနည်းပညာတစ်ခုကို ရည်ညွှန်း၍ - 
ကံကောင်းတာတစ်ခု လူတွေကို ချိပ်ဆက်ပေးနိုင်မယ့် Aquila လို အခြားနည်းပညာတွေ ကျွန်တော်တို့မှာ ရှိနေသေးတာပါပဲ။ အားလုံးအတွက် ချိပ်ဆက်ပေးပါမယ်လို့ ကျွန်တော်ပြောထားခဲ့တာတစ်ခုကို ဖြစ်မြောက်အောင်၊ အားလုံးသုံးနိုင်တဲ့ အခွင့်အလမ်းရတဲ့အထိ ဆက်လက်ဆောင်ရွက်သွားမှာပါ
ဟု ရေးသားဖော်ပြခဲ့ပါတယ်။
 
လွန်ခဲ့သော တစ်နှစ်ခန့်က Facebook ရဲ့ Internet.org အကြောင်းကို မာ့ခ်ဇူကာဘာခ် က သူ့ရဲ့ facebook စာမျက်နှာမှာ ရေးသားဖော်ပြ အသိပေးထားခဲ့ဖူးတဲ့ ကတိတစ်ခု ရှိနေခဲ့ပါတယ်။

02 Sep 2016     1,273 Views




RELATED

Most Popular of International News

Most Popular of NEWS