BEC-TERO TV

အမြန်လမ်းတွင် သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းသည့် ယာဉ်များ စက်တင်ဘာ ၁ ရက်က စတင်ဖမ်းဆီး

02 Sep 2016     1,403 Views


ရန်ကုန်-မန္တလေး အမြန်လမ်းမှာ မောင်းနှင်ရမယ့် သတ်မှတ်မိုင်နှုန်းတွေနဲ့ ပက်သက်လို့ ပညာပေးကာလ ကျော်လွန်သွားပြီးတဲ့နောက်မှာ စက်တင်ဘာလ ၁ ရက်နေ့ကစတင်ပြီး စည်းကမ်းချိုးဖောက်တဲ့ မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။
စက်တင်ဘာလ ၁ ရက်နေ့က စတင်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် သတ်မှတ်မိုင်မနှုန်းအဖြစ် တစ်နာရီကို မိုင် ၆၀ (ကီလိုမီတာ ၁၀၀) သတ်မှတ်ပေးထားပါတယ်။ ကီလိုမီတာ ၁၀၀ ထက်ကျော်၍ မောင်နှင်သော ယာဉ်များကို အရေးယူ ဖမ်းဆီးခဲ့ရာ စက်တင်ဘာလ ၁ ရက်နေ့ တစ်ရက်ထဲမှာပင် သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်တဲ့ စည်းကမ်းချိုးဖောက်ယာဉ် ၃၇ စီးကို ဖမ်းဆီးအရေးယူထားခဲ့ပါတယ်။ 
 
အဆိုပါယာဉ်များအားလုံးကို အရှိန်နှုန်းတိုင်းကိရိယာဖြင့် သာဂရအမြန်လမ်းမကြီး ရဲစခန်း၊ ပန်းတင်အမြန်လမ်းမ ကြီးရဲစခန်း၊ သီးကုန်း၊ ပြင်စည်၊ ဘောနက်ကြီး၊ မြို့ချောင်း ၊ ဘောနီအမြန်လမ်းမကြီးရဲစခန်း စသည့် နေရာခုနစ်နေရာတွင် ဖမ်းဆီးအ ရေးယူခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိတဲ့ ကားတွေ အားလုံးက အိမ်စီးကားတွေချည်း ပဲ ဖြစ်ပါတယ်။ သူတို့ကို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့က ထုတ်တဲ့ မော်တော်ယာဉ်ဥပဒေ အတိုင်း အရေးယူပြီး နေပြည် တော်မှာ ဒဏ်ရိုက်တယ်
ဟု အ မြန်လမ်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး စိုး မြင့်ဦးကပြောသည်။
ဖမ်းဆီးအရေးယူထားတဲ့ ယာဉ်များထဲမှ ၁၃ စီးသာ ဒဏ်ငွေဆောင်ပြီးဖြစ်၍ ၂၁ စီးကျန်နေသေးကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရှိရသည်။
ဖမ်းဆီးအရေးယူဖြစ်တဲ့ အ ဓိကရည်ရွယ်ချက်ကတော့ အမြန်လမ်းမကြီးပေါ်မှာ ဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှုတွေ အဓိက ဖြစ်ရတဲ့အကြောင်းရင်းက သတ် မှတ်မိုင်နှုန်းထက် ကျော်လွန် မောင်းနှင်မှု၊ အရှိန်ပြင်းမောင်းနှင် မှုကြောင့် ဖြစ်တယ်ဆိုတာ ကျွန် တော်တို့စိစစ်တွေ့ရှိရတဲ့အတွက် အရှိန်နှုန်းတိုင်းကိရိယာနဲ့ ဖမ်းဆီး အရေးယူဆောင်ရွက်ခြင်း ဖြစ်ပါ တယ်
ဟု အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ဒုရဲမှူးကြီးစိုးမြင့်ဦး ကပြောသည်။
ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်း နှင်သည့် ခရီးသည်တင်ယာဉ်များကို ဖုန်းခေါ်ဆိုပြီးသတိပေးမှုမှာ ပြီးခဲ့သည့် ဇွန်လတွင် အကြိမ်ရေ ၁,၇၀၀ ကျော် ရှိခဲ့သည်။ 
အမြန်လမ်းတွင် သတ်မှတ်ထားသော မိုင်နှုန်းအရှိန်ကိုသာ စစ်ဆေးမည်မဟုတ်ပဲ ယာဉ်မောင်းများ အရက်သေစာ သေက်စားထားခြင်း ရှိ၊ မရှိ တို့အပြင် မော်တော်ယာဉ်နှင့်ပက်သော အချက်လက်များကိုပါ စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။
 
Source: ဖြူဖွေးသန့်

 


02 Sep 2016     1,403 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS