BEC-TERO TV

ဘက်ထရီပြဿနာကြောင့် Galaxy Note 7 စမတ်ဖုန်းတွေကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပြန်လည်သိမ်းယူသွားဖွယ်ရှိ

02 Sep 2016     1,229 Views


-Samsung Galaxy Note 7 အသစ်စက်စက် စမတ်ဖုန်းတွေကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အလုံးရေအမြောက်အများပြန်သိမ်းသွားဖို့ စီစဉ်နေတယ်

-တောင်ကိုးရီယားသတင်းဌာနတွေဖြစ်တဲ့ Yonhap ကော The Korean Herald မှာပါ အဆိုပါသတင်းကို ဖော်ပြထားတာတွေ့ရှိရပြီးဖြစ်ပါတယ်

-အားသွင်းနေရင်းနဲ့ ထပေါက်ကွဲသွားတဲ့ Galaxy Note 7 စမတ်ဖုန်းဓာတ်ပုံနဲ့ ဗီဒီယိုတွေ ပျံ့နှံ့လာပြီးနောက်မှာ အခုလိုပြန်လည်သိမ်းယူမယ့်အစီအစဉ် ထွက်ပေါ်လာတာဖြစ်ပါတယ်

လက်ရှိမှာလည်း Galaxy Note 7 စမတ်ဖုန်းကို ဈေးကွက်တစ်ချိ့မှာ တင်ပို့မှု ရွှေ့ဆိုင်းထားပြီး၊ “ ထုတ်ကုန်အရည်အသွေးပိုင်းဆိုင်ရာ နောက်ထပ်စမ်းသပ်မှုတွေ လုပ်နေတာကြောင့် တင်ပို့မှု ကြန့်ကြာနေတာဖြစ်ပါတယ်” လို့ Samsung ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Reuters သတင်းဌာနကို အတည်ပြုပြောကြားခဲ့ပါတယ်။

Note 7 ဘက်ထရီပေါက်ကွဲမှုတွေကို Samsung ဘက်က တရားဝင်အတည်ပြုပေးထားခြင်းမရှိသေးဘဲ၊ စုံစမ်းစစ်ဆေးဆဲဖြစ်ကာ၊ ရလဒ်တွေကို ယခုတစ်ပတ်အတွင်းမှာတင် လူသိရှင်ကြားကြေငြာသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Soure : digitaltimes


02 Sep 2016     1,229 Views




RELATED

Most Popular of Special or Others

Most Popular of NEWS