BEC-TERO TV

ယာဉ်မောင်းသူများအား အရက်သေစာ သောက်စားခြင်းရှိ၊ မရှိ စစ်ဆေးခြင်းဆောင်ရွက်လျက်ရှိ

03 Sep 2016     1,281 Views


ရန်ကုန်မြို့၏ မြောက်ပိုင်းဧရိယာအတွင်းမှာပင် ၂၀၁၃ ခုနှစ်ကနေ ၂၀၁၆ သြဂုတ်လအထိ ယာဉ်မတော်တဆ အမှုပေါင်း ၃,၆၂၂ မှု ဖြစ်ပွားခဲ့ပြီး၊ အသက်သေဆုံးခဲ့သူ ၁,၀၃၈ ဦး နှင့် ဒဏ်ရာရရှိခဲ့သူ ၅,၇၇၅ ဦးထိ ရှိခဲ့ပါတယ်။
 
ယာဉ်မတော်တဆမှု နှစ်အစဉ်လိုက်ဇယားအရ -
 
၂၀၁၃ ခုနှစ် ယာဉ်မတော်တဆမှု ၁,၀၄၁ မှုတွင် ၂၄၁ ဦး သေဆုံး၊ ၁,၇၆၂ ဦး ဒဏ်ရာရရှိ။
 
၂၀၁၄ ခုနှစ် ယာဉ်မတော်တဆမှု ၁,၀၃၂ မှုတွင် ၂၈၀ ဦး သေဆုံး၊ ၁,၇၄၆ ဦး ဒဏ်ရာရရှိ။
 
၂၀၁၅ ခုနှစ် ယာဉ်မတော်တဆမှု ၉၉၈ မှုတွင် ၃၁၁ ဦး သေဆုံး၊ ၁,၄၇၈ ဦး ဒဏ်ရာရရှိ။
 
၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ ၃၁ ရက်နေ့ထိ ယာဉ်မတော်တဆမှုပေါင်း ၅၆၁ မှု ဖြစ်ပွားခဲ့ရာ ၂၀၅ ဦး သေဆုံးပြီး ၇၈၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
 
နှစ်စဉ်အလိုက် ယာဉ်မတော်တဆမှုများ လျော့ကျသွားသေည်လည်း အသက်ဆုံးရှုံးသူ ပမာဏများပြားလာသည်ကို တွေ့ရှိရပါသည်။ ထိုကဲ့သို့ဖြစ်ရခြင်းမှာ ယာဉ်ကိုမဆင်မခြင် မောင်းနှင်ခြင်း၊ ကျွမ်းကျင်မှုနည်းပါခြင်းတို့ကြောင့် အများဆုံးဖြစ်ပွားသည်ကို တွေ့ရှိရသဖြင့် ခရီးသွားပြည်သူများ လုံခြုံစိတ်ချ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်စေရန်အတွက် ယာဉ်စည်းကမ်းထိန်းသိမ်းခြင်းတို့အပြင် စစ်ဆေးအရေးယူ ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လာပါသည်။
 
 
 
ယခုအခါ မဆင်မခြင်မောင်းနှင်မှုများ ပပျောက်စေရန်နှင့် အရက်သေစာသောက်စားမောင်းနှင်မှုကြောင့် ဆိုးရွားသောယာဉ်မတော်တဆမှုများ မရှိစေရေးအတွက် အရက်မှုးတိုင်းကရိယာ (breath alcohol tester) ဖြင့်စစ်ဆေးခြင်း လုပ်ငန်းအားဆောင်ရွက်နေပြီး အရက်သေစာသောက်စားထားကြောင်း စစ်ဆေးတွေ့ရှိပါက ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူခံရမည့်အပြင် ယာဉ်မောင်းလိုင်စင်အား ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း အမှတ် (၉) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (ရန်ကုန်မြောက်ပိုင်း) ထံမှ သတင်းရရှိပါသည်။
 
 
Source: Kyaw Myo Min
Photos: အရည်ကြိုဖေ့စ်ဘုတ်စာမျက်နှာ

 


03 Sep 2016     1,281 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS