BEC-TERO TV

မြန်မာအမျိုးသမီး အိမ်အကူတစ်ဦးကို ဓါးကောက်ဖြင့် မွှန်းခဲ့သူ အသက် ၆၀ နှစ်အရွယ် စင်ကာပူက အဖိုးအို

03 Sep 2016     1,390 Views


စင်ကာပူနိုင်ငံတွင် မြန်မာအိမ်အကူ အမျိုးသမီးငယ် တစ်ဦးကို အသက် ၆၀ နှစ်အရွယ် "အလာဂျရီဆာမေ မိုဟန်းဒက်ရှ်" ဆိုသူ အဖိုးကြီးက အာဃာတဖွဲ့ကာ ဓါးနဲ့ မွှန်းခဲ့တဲ့ အဖြစ်ပျက်တစ်ခု ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ က ဖြစ်ပျက်ခဲ့ပါတယ်။
 
မြန်မာအမျိုးသမီးတစ်ဦးဖြစ်တဲ့ "မဖြူစင်ဝင်းအောင်" အသက် ၂၈ နှစ် ဟာ စင်ကာပူနိုင်ငံ တိုပါးရိုးလိုရောင်း ၇ က အိမ်ခန်း တစ်ခုမှာ အိမ်အကူအဖြစ်နဲ့ အလုပ်လုပ်ကိုင်လာခဲ့တာ ၅ နှစ်ကျော် ကြာလာခဲ့ပါပြီ။ သူမဟာ အခြားအိမ်သားတွေ အားလုံးနဲ့ ဆက်ဆံရေး အဆင်ပြေပြေရှိခဲ့ပေမယ့် အသက် ၆၀ အရွယ် အဖိုးကြီး "အလာဂျရီဆာမေ မိုဟန်းဒက်ရှ်" ကတော့ သိပ်ကြည့်လို့မရခဲ့ပါဘူး။ သူ့ရဲ့ မြေးတူမလေး တော်စပ်သူကို မြန်မာအိမ်အကူက ကောင်းကောင်းမွန်မွန် ဂရုမစိုက်ဘူးလို့ ယူဆထားပြီး တစ်ဖက်သတ် အငြိုးထားမုန်းတီးနေခဲ့ပါတယ်။
 
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၆ နာရီခန့်မှာတော့ အဖိုးကြီး "အလာဂျရီဆာမေ မိုဟန်းဒက်ရှ်" ဟာ ဘီယာ ၆ ဗူးသောက်ပြီး မူးမူးရူးရူးနဲ့ အိမ်ပြန်လာခဲ့ပါတယ်။ အိမ်ထဲကို ရောက်တဲ့အခါမှာတော့ ဧည့်ခန်းထဲမှာ အိပ်မောကျနေတဲ့ "မဖြူစင်ဝင်းအောင်" ကို မြင်ပြီး ဒေါသကို မထိန်းနိုင်ဖြစ်ကာ သူ့ရဲ့အခန်းထဲကနေ ဓါးကောက်ကို သွားယူလာခဲ့ပြီး "နင်ဟာ မကောင်းဆိုးရွားမ" လို့ အော်ဟစ်ပြီး "မဖြူစင်ဝင်းအောင်" ရဲ့ လက်နဲ့ မျက်နှာကို မွှန်းပါတော့တယ်။
အိပ်မောကျနေတဲ့ "မဖြူစင်ဝင်းအောင်" ဟာ အခုလို သူ့ကို ဓါးနဲ့မွှန်းနေတာကို အိမ်မက်ထဲမှာ တစ်ယောက်ယောက်က သူ့ကို နာကျင်အောင် လုပ်နေတာလို့ပဲ ထင်နေပြီး မနိုးခဲ့ပါဘူး။ အခန်းထဲမှာ အိပ်ပျော်နေတဲ့ မြေးဖြစ်သူ "မစ္စ ဆရဝါသီ" အသက် ၃၁ နှစ် က အဖိုးကြီးရဲ့ အော်ဟစ်သံကြောင့် နိုးလာခဲ့ပြီး ဧည့်ခန်းထဲ ရောက်တဲ့အခါမှာ ဓါးနဲ့လှီးနေတာကိုတွေ့ရတဲ့အတွက် အဖိုးဖြစ်သူကို နီးစပ်ရာ ဓါတ်ပုံဘောင်နဲ့ ရိုက်နှက်မှ ဓါးကောက်ကို လွှတ်ချခဲ့ပါတယ်။ ရုန်းရင်းဆန်ခတ် အသံဗလံများကြောင့် ကျန်အိမ်သားများနိုးလာပြီး ဓါးကောက်ကို အမြန်ကောက်သိမ်းဆည်းကာ သွေးတွေထွက်နေတဲ့ "မဖြူစင်ဝင်းအောင်" ကို အတင်းနှိုးပါတော့တယ်၊ "မဖြူစင်ဝင်းအောင်" နိုးလားခဲ့ပြီး အိမ်မက်လို့ထင်နေတဲ့ အဖြစ်ပျက်တွေဟာ တစ်ကယ်ဖြစ်နေတာကို သိသွားချိန်မှာတော့ သူ့ရဲ့သွေးတွေက ဆိုဖာထိုင်ခုံပေါ်မှာတွေ့ပြီး အကြောက်လွန်ကာ သတိမေ့လဲသွားခဲ့ပါတယ်။
 
သူမရဲ့ ဒဏ်ရာတွေအတွက် "တန်တောက်ရှန်း" ဆေးရုံမှာ ၄ ရက် ဆေးကုသခွဲစိတ်မှုခံခဲ့ရပါတယ်။ ပါးပြင် နဲ့ နဖူးတို့မှာလည်း ဒဏ်ရာတွေ ရရှိခဲ့ပြီး သူမရဲ့ ညာဖက်လက်ကို အဲ့သည်နေ့မှာပဲ ခွဲစိတ်ခဲ့ပါတယ်။ အာရုံကြောလေးတွေကို ပြင်းပြင်းထန်ထန် ထိခိုက်သွားခဲ့တဲ့ အတွက် သူမရဲ့ ညာဖက် လက်ချောင်းလေးတွေဟာ မလလှုပ်ရှားနိုင်ပါဘူး၊ နဂိုအတိုင်း ပုံမှန်ပြန်လှုပ်ရှားဖို့ဆိုရင် တစ်နှစ်လောက် အချိန်ယူရမယ်လို့ ဆရာဝန်တွေက မှတ်ချက်ပေးပါတယ်။
 
အဆိုပါကျူးလွန်မှုအတွက် အသက် ၆၀ နှစ်အရွယ် "အလာဂျရီဆာမေ မိုဟန်းဒက်ရှ်" ကို ဖမ်းဆီးထိန်သိမ်းစဉ် "မဖြူစင်ဝင်းအောင်" ဟာ သူ့ရဲ့ မြေတော်စပ်သူတူမလေးကို ညှင်းပန်းနှိပ်စက်လို့ ဒဏ်ရာတွေ ရခဲ့တယ်လို့ ပြန်လှန်စွပ်စွဲခဲ့ပါတယ်၊ ဒါပေမယ့် အဲ့ဒီဒဏ်ရာတွေဟာ "မဖြူစင်ဝင်းအောင်" နဲ့ ဘာမှ မပက်သက်ပါဘူးလို့ ကျန်မိသားစုဝင်တွေက စစ်ချက်ပေးခဲ့ပါတယ်။
 
ရှေ့နေမပါတဲ့ "အလာဂျရီဆာမေ မိုဟန်းဒက်ရှ်" ဟာ အခုဆိုရင် နောင်တအကြီးအကျယ်ရနေပြီး သူ့ရဲ့အသက်ရွယ်နဲ့ ဆီးချိုရောဂါခံစားနေရတဲ့အတွက် သက်ညှာစွာပြစ်ဒဏ်ချဖို့ လျောက်ကြားထားပါတယ်။ တစ်နှစ်နီးပါးကြာခဲ့ပြီဖြစ်တဲ့ ဤအမှုအတွက် အစိုးရလက်ထောက်ရှေ့နေတစ်ဦးဖြစ်သူ "သီအိုလုရှား" က အဆိုပါအမှုအတွက် ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ချဖို့ တရားရုံးတော်ကို မနေ့က တိုက်တွန်းခဲ့ပါတယ်။
 
အသက် ၆၀ နှစ်အရွယ် "အလာဂျရီဆာမေ မိုဟန်းဒက်ရှ်" ဟာ ရန်ငြိုးရန်စလဲမရှိ၊ ဘာလက်နက်မှလဲမရှိ၊ ခုခံကာကွယ်နိုင်စွမ်းလဲမရှိတဲ့ တစ်ဖက်သားအပေါ်  အရက်အမူးလွန်ပြီး မူမမှန်စွာနဲ့ စိတ်လိုက်မာန်ပါဖြင့် သေစေနိုင်တဲ့လက်နက်နဲ့ တိုက်ခိုက်ကျူးလွန်ခဲ့တဲ့ပြစ်မှုက ထင်ရှားတာကို တွေ့ရှိခဲ့ပါတယ်။
ဒီလိုအမှုမျိုးဟာ ထောင်ဒဏ် ၁၅ နှစ်နဲ့ ဒဏ်ကြေး သို့မဟုတ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံနိုင်ပါတယ်၊ သူဟာ အသက် ၅၀ ကျော်နေတဲ့အတွက် ကျိမ်ဒဏ်ကတော့ ကင်းလွတ်ခွင့်ရပါလိမ့်မယ်။
 
"မဖြူစင်ဝင်းအောင်" ဟာ ပြန်လည်ကျန်းမာလာပြီး မြန်မာပြည်ကို ပြန်သွားခဲ့ပါပြီလို့ မနေ့က "အလာဂျရီဆာမေ မိုဟန်းဒက်ရှ်" ရဲ့အိမ်ကို သတင်းသမားများသွားရောက်မေးမြန်ခဲ့တာကို သူ့ရဲ့ ညီဖြစ်သူက ဖြေကြားခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ မြေးဖြစ်သူ "မစ္စ ဆရဝါသီ" လည်း စင်ကာပူမှာ မရှိတော့ပါဘူးလို့ ပြောခဲ့ပါတယ်။ "အလာဂျရီဆာမေ မိုဟန်းဒက်ရှ်" ရဲ့ အမှုအတွက် မှတ်ချက်တစ်စုံတရာပေးဖို့ကိုတော့ ငြင်းဆန်ခဲ့ပါတယ်။
 
Ref: Stopm

03 Sep 2016     1,390 Views




RELATED

Most Popular of International News

Most Popular of NEWS