BEC-TERO TV

နီနီခင်ဇော်ကို ၀ိုင်းစုက သူမ Facebook စာမျက်နှာမှ အားပေးစကား ဒီလိုပြောလိုက်တယ်

05 Sep 2016     2,172 Views


ဒီရက်ပိုင်းအတွင်း လူမှုကွန်ယက်မှာ နီနီခင်ဇော် အတိတ် ဇာတ်လမ်း အကြောင်းအရာနဲ့ ပါတ်သပ်ပြီး အမျိုးမျိုးပြောကြပါတယ်။ 
 
နီနီခင်ဇော်ကလဲ ဖြေဆိုမှုလေးတွေ ဖြေရှင်းချက်လေးတွေလဲ သူ့ပရိတ်သတ်တွေကို ပြောပေးသွားတာလေးတွေလဲရှိပါတယ်။
 
အနုပညာ အတိုင်းအ၀ိုင်းထဲက ၀ိုင်းစုခိုင်သိန်းကလဲ ညီမ အစ်မ သဘော၊ လုပ်ဖော်ကိုင်ဖက်သဘောနဲ့ အားပေးစကားလေး အောက်ပါအတိုင်းပြောသွားပါတယ်။
ညီမရေ..
အတိတ်ဆိုတာတော့ လူတိုင်းမှာ ရှိကြစမြဲပါ ..ကောင်းတဲ့အတိတ်ရှိသလို ဆိုးတဲ့အတိတ်လဲ ရှိကြတာပဲ လူဆိုတာတော့ အကောင်းဆုံးကိုပဲ လိုချင်ကြတာပဲ ဆိုးတာကိုတော့ ဘယ်သူမှမလိုချင်ဘူးဒါပေမဲ့ ဘ၀မှာ လိုချင်တာတွေရော မလိုချင်တာတွေရော အားလုံးရကြရတာပဲ ဘ၀ ကို ဖြတ်သန်းရတာ ချင်းအတူတူ သူ့ဘ၀က ဘယ်လို ငါ့ဘ၀ က ဘယ်လို ဝေဖန်ရူံချတတ်တဲ့ လူတချို့ရဲ့ စိတ်ကတော့ နားလည်ဖို့အခက်သား ဘာပဲဖြစ်ဖြစ် မိန်းမသားတယောက် အနေနဲ့ ဘယ်လိုရင်ဆိုင်ရုန်းကန် ခဲ့ရမယ်ဆိုတာတော့ ကိုယ်ချင်းစာမိတယ်..လဲကျတဲ့နေရာက ပြန်ထပြီး ဒီနေ့ဒီအချိန် ဒီလိုမျိုး အောင်မြင်စွာ ရပ်တည်နိုင်တဲ့အတွက် ချီးကျူးတယ်..ရဲရဲဝင့်ဝင့် အမှန်ကို ထုတ်ပြနိုင်တဲ့ စိတ်ကို လေးစားတယ် ရှေ့ဆက်လျှောက်မဲ့ခရီးမှာ ဒီထက်ပိုတဲ့ အားအင်တွေ နဲ့ လျှောက်လမ်းနိုင်မယ် ဆိုတာ ယုံကြည်တယ်.အစ်မတို့တွေ ချစ်တဲ့ပရိတ်သတ်တွေအတွက် အနုပညာခရီးရှည်ကြီးကို အတူတူဖြတိသန်းကြစို့နော်#loveu#superred
 

05 Sep 2016     2,172 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS