BEC-TERO TV

သန့်ရှင်းရေးကို အခြေခံတဲ့ ဂျပန်ကလေးငယ်လေးများရဲ့ ပညာရေးစနစ်

05 Sep 2016     1,463 Views


ငယ်စဉ်ကထဲက ဘဝမှာ ဘယ်လိုပြုမူနေထိုင်ရမလဲဆိုတာသင်ယူဖို့က ပညာရေးစာမေးပွဲတွေထက်ပိုပြီး အရေးကြီးတယ်လို့ ယူဆထားကြတဲ့ ဂျပန်နိုင်ငံရဲ့ အခြေခံမူလတန်းပညာရေးစနစ်မှာ ကလေးတွေဟာ အသက် ၁၀ နှစ် မတိုင်မီထိ မည်သည့်စာမေးပွဲမှ မဖြေဆိုရပါဘူး။ တိရိစ္ဆာန်လေးတွေအပေါ် မေတ္တာထားတတ်အောင်၊ လူသားအချင်းခြင်း လေးစာတတ်အောင်နဲ့ သဘာဝတရားကို နားလည်လာအောင် သင်ယူကြရပါတယ်။ ကလေးတွေဟာ မိမိကိုယ်ကိုထိန်းသိမ်းခြင်း၊ တာဝန်ယူတတ်ခြင်းနှင့် တရားမျှတခြင်းဆိုတဲ့ ဘဝရဲ့တန်ဖိုးတွေကိုလည်း သင်ယူကြရပါတယ်။
 
ကလေးတွေဟာ မိမိအနီးနားပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားတတ်ဖို့ သင်ယူရကြရတာဟာလည်း မူလတန်းပညာရေးရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ပါတယ်။ လူတိုင်းလူတိုင်းဟာ အများနဲ့မျှဝေသုံးစွဲရတဲ့ နေရာတွေကို ထိန်းသိမ်းကြမယ် လေးစားကြမယ်ဆိုရင် သဟဇာတဖြစ်တဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်လာပါလိမ့်မယ်။ ဒီလို စိတ်ဓါတ်ရေးရာတွေကို သင်ယူလေ့လာခြင်းကနေ တစ်ဆင့် ကလေးတွေမှာ တာဝန်ယူလိုတဲ့စိတ်၊ လေးစားတတ်တဲ့ စိတ်ဓါတ်တွေ ဖြစ်ပေါ်လာမယ်လို့ ယုံကြည်ကြပါတယ်။ သန့်ရှင်းရေးဆိုတာ အားလုံးရဲ့ တာဝန်ပဲလို သူတို့နားလည်လာကြတဲ့အခါ ဒီလိုအလုပ်တွေ လုပ်တာဟာ နိမ့်ကျတယ်လို့ မမြင်ကြတော့ပဲ သန့်ရှင်းရေးလုပ်တဲ့အခါ တစ်ယောက်ကို တစ်ယောက် ကူညီဆောင်ရွက်ကြပါတယ်။
 
ကျောင်းမှာ သူတို့ နေ့လည်စာစားကြတဲ့အခါ၊ ကလေးတွေက သူတို့ရဲ့အမှိုက်ကို သူတို့ကိုယ်တိုင် အမှိုက်ပုံးထဲ ပစ်ပြီးမှ သွားတတ်ကြပါတယ်။ နွားနို့ဗူးလေးတွေကိုလည်း recycle ပြန်လုပ်ဖို့ သိမ်းယူသွားပါတယ်။ စာသင်ခန်းထဲမှာ ဆရာတွေနဲ့ နေ့လည်စာတူတူစားခြင်းဖြင့် ကလေးတွေနဲ့ ဆရာတွေကို ပိုမိုနီးကပ်စေပါတယ်။ ကလေးတွေဟာ ဆရာတွေအတွက် အစားအသောက်ကို ပြင်ပေးစေပါတယ်၊ စားသောက်ပြီးလို့ သန့်ရှင်းရေးလုပ်ပြီးသွားရင်တော့ ဒီအခန်းမှာ အစားစားသွားတယ်လို့ ဘယ်သူကမှ မထင်ရလောက်အောင် စေ့စေ့စပ်စပ် သန့်ရှင်းရေးလုပ်ရပါတယ်။
 
 
သန့်ရှင်းရေးကိစ္စတင် မဟုတ်ပါဘူး ကျောင်းအတော်များများမှာ ကလေးတွေကို အဟာရရှိတဲ့ အစားအစာတွေ ချက်ပြုတ်နည်းတွေကိုလည်း သင်ပေးပါတယ်။ ဒါဟာလည်း ပညာရေးစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒီလိုအများနဲ့ စုပေါင်းလုပ်ကိုင်ရတဲ့ အရာတွေကနေ ကလေးတွေရဲ့ ကိုယ်ပိုင်စွမ်းရည်၊ တာဝန်ယူလိုစိတ် စတာတွေက မှန်ကန်ခိုင်မာတဲ့ လူ့ကျင့်ဝတ်တွေ ရှိလာဖို့အတွက် အထောက်အပံ့ဖြစ်စေပါတယ်။ သန့်ရှင်းရေးလို့ ဆိုပေမယ့် အဲ့ဒီနောက်ကွယ်ကနေ ကလေးတွေ သင်ယူရရှိလိုက်တဲ့ ရလာဒ်တွေက မနည်းလှပါဘူး၊ ကိုယ်သုံးပြီးရင် ပြန်လည်ရှင်းလင်းပေးရမယ်ဆိုတဲ့ အလေ့အကျင့်၊ သူတစ်ပါးအပေါ်မှာလည်း လေးစားတတ်ပြီး အတူတစ်ကွ ပူးပေါင် လုပ်ကိုင်တတ်ခြင်း စတာတွေအပြင် အခြားအရာတွေလည်း ရှိပါသေးတယ်။ သန့်ရှင်းရေးတစ်ခုထဲတင် မဟုတ်ပဲ စာသင်ခန်းဆေးသုတ်ခြင်း၊ စုပေါင်း မြက်ရိတ်ခြင်း စတာတွေကလည်း အလားတူ စိတ်ဓါတ်တွေ ဖြစ်ပေါ်လာနိုင်ပြီး သူတို့အသက်ကြီးသွားတဲ့အခါ သူတို့ရဲ့ ကလေးတွေကနေ ဒီအမူအကျင့်ကောင်းတွေကို လက်ဆင့်ကမ်းသွားမှာ ဖြစ်ပါတယ်။ သန့်ရှင်းရေးလုပ်ခိုင်းခြင်းဟာ အလေ့အထတွေကို သင်ကြားဖို့ အကောင်းဆုံး ကရိယာပဲဖြစ်ပါတယ်။
 
စာသင်ကျောင်းဆိုတာ စာအုပ်ထဲကအရာတွေကိုပဲ သင်ကြားဖို့သက်သက် မဟုတ်ပါဘူး၊ လူမှု့ပတ်ဝန်းကျင်ထဲမှာ တာဝန်ယူတတ်တဲ့ လူတစ်ယောက်ဖြစ်အောင် သင်ယူဖို့လည်းဖြစ်ပါတယ် လို့ ဂျပန်နိုင်ငံက အင်္ဂလိပ်စာ ဆရာဟောင်းတစ်ဦးဖြစ်တဲ့ "မိုက်ကယ်အော်စလင်" က ပြောပါတယ်။
 
ကလေးတွေဟာ ပညာတတ်ဖြစ်ဖို့လိုအပ်တယ် ဆိုတာ မှန်ပါတယ်၊ သို့သော် ပညာရေးဆိုတာကတော့ အသိဉာဏ်ဖွံ့ဖြိုးလာစေဖို့ တစ်ခုတည်းသက်သက်မဟုတ်ပဲ လောကမှာ အသုံးဝင်တဲ့သူတစ်ယောက် ဖြစ်ဖို့လည်း လိုအပ်ပါတယ်။ လူသားတစ်ယောက်က အခြားလူသားတစ်ယောက်ကို ဖေးမတာ သဘာဝဖြစ်ပါတယ်။ စာသင်ကျောင်းကနေ သူတို့ ရလာတဲ့ အတတ်ပညာအသစ်တွေ၊ အလေ့အကျင့်တွေ၊ အတွေ့အကြုံတွေ ကို မိဘတွေအနေနဲ့လည်း ပိုပြီးပြည့်စုံထင်ရှားလာအောင် ဖေးကူပေးဖို့လိုအပ်ပါတယ်။
 
Ref: lifehack

05 Sep 2016     1,463 Views




RELATED

Most Popular of Special or Others

Most Popular of Life Style