BEC-TERO TV

Myanmar Idol Season 2 အတွက် အကောင်းဆုံးပြင်ဆင်နေတဲ့ မြန်မာပြည်သိန်းတန်

06 Sep 2016     1,551 Views


 
မြန်မာပရိသတ်အခိုင်အမာရရှိထားတဲ့ "Myanmar Idol" season 2 ပြိုင်ပွဲက မကြာခင် စတင်တော့မှာဖြစ်ပါတယ်။ အသံစစ်ဆေးမှုများကို စက်တင်ဘာလ ၁၇ ရက်၊ နေပြည်တော်မြို့မှ စတင်ကာ မန္တလေး၊ တောင်ကြီး၊ ဖားအံ့ မြို့များတွင် အလှည့်ကျ ကျင်းပသွားမှာဖြစ်ပြီး အောက်တိုဘာလ ၁၆ ရက် မှာတော့ ရန်ကုန်မှာ ကျင်းပသွားပါမယ်။
ယခု Season 2 ရဲ့ ဒိုင်လူကြီးများအဖြစ် ဂီတလမ်းကြောင်းပေါ်မှာ နှစ်ပေါင်း ၄၀ ကျော်ဖြတ်သန်းခဲ့ပြီ ဖြစ်တဲ့ မြန်မာပြည်သိန်းတန်၊ နိုင်ငံကျော်အဆိုတော် တင်ဇာမော်နဲ့ season 1 ရဲ့ ဒိုင်အဖြစ်ဆောင်ရွက်ခဲ့သူ မေဆွိတို့က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အခန်းနားတင်ဆက်သူအဖြစ် ကျော်ထက်အောင်ကပဲ ဆက်လက်တင်ဆက်သွားမှာပါ။
 
Season 2 ရဲ့ ဒိုင်လူကြီးတစ်ဦးဖြစ်လာမယ့် မြန်မာပြည်သိန်းတန်ကို သူ့ရဲ့ အသက်အရွယ်နဲ့ မထင်ရတဲ့ နုပျိုဆဲအနုပညာ၊ သူများနဲ့မတူအောင် ဒီဇိုင်းထွင်ဝတ်စားတတ်တဲ့ သူ့ရဲ့ ဟန်ပန်စတိုင်တွေကြောင့် ပရိသတ်များက စောင့်ကြည့် စိတ်ဝင်စားလျှက်ရှိနေပါတယ်။
 
မြန်မာပြည်ဦးသိန်းတန် တစ်ယောက် Myanmar Idol Season 2 မှာ ပရိသတ်တွေကို ဘယ်လိုပုံစံအသစ်တွေနဲ့ တင်ဆက်မလဲ ဆိုတာ စိတ်ဝင်စားတဲ့ ပရိသတ်တွေအတွက် Myanmar Idol အတွက် ပြင်ဆင်နေတဲ့ ဦးသိန်းတန်ရဲ့ ပုံအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
 
 
 
 
Photo: AungMyatThu, ZweNyan(7day daily)

06 Sep 2016     1,551 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS