BEC-TERO TV

ထူးထူးဆန်းဆန်း ကြောက်စရာကောင်းတဲ့ ထိုင်းနိုင်ငံက ကိုယ်ဝန်ဆောင်သည်ရုပ်တု

06 Sep 2016     1,410 Views


အခုတစ်လော အွန်လိုင်းဈေးရောင်းတဲ့ ဝဘ်ဆိုက်တစ်ခုမှာ တင်ထားတဲ့ "ထိုင်းကိုယ်ဝန်ဆောင်အမျိုးသမီး" ရုပ်တု ဓါတ်ပုံတွေဟာ လူတွေစိတ်ဝင်စားမှု များလာခဲ့ပါတယ်။ အွန်လိုင်းဈေးကွက်မှာတင်ခဲ့တဲ့ ရုပ်တုပိုင်ရှင်က ရောင်းချရန်မဟုတ်ပဲ မျှဝေရုံသက်သက်ပဲလို့ ဖော်ပြထားပြီး ယင်းရုပ်တုနဲ့ ပက်သက်တဲ့ အကြောင်းကို အနည်းငယ်ရေးသားထားပါတယ်။
 
 
၆ လက္မအရွယ်အစား အနှီးထုတ်လေးပိုက်ထားပြီး ဒူးတုတ်ထိုင်နေဟန် အနက်ရောင် အမျိုးသမီး ရုပ်တုရဲ့ အမည်က "နန်ဖရာ" ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် သေဆုံးသွားတဲ့ သူမရဲ့ ဝိဉာဉ်က အရုပ်ထဲမှာ ကိန်းနေပါတယ်။ ရုပ်တုကို သုဿန် ၉ ခုက မြေဆီတွေနဲ့ ထုလုပ်ထားပြီး ရုပ်တုမှာရှိတဲ့ ဆံပင်တွေကတော့ လူသေမိန်းမတစ်ယောက်ရဲ့ ဆံပင်အစစ်တွေ ဖြစ်ပါတယ်။ လပြည့်ည ဉာဉ့်နက်သန်းခေါင်မှာ ထုလုပ်ပြီးစီးပြီး ဖယောင်းတိုင်အဖြူ၊ ကြိုးစအဖြူတို့နဲ့ ရစ်ပတ်ကာ သုဿန်က ကိုယ်ဝန်ဆောင်သရဲတွေကို အရုပ်ထဲလာဖို့ ဖိတ်ခေါ်စီရင်ထားပါတယ်။
ကိုယ်ဝန်ဆောင်နေတုန်း သေဆုံးသွားတဲ့ သရဲတွေဟာ အဖိုးတန်တဲ့အကူအညီတွေ၊ စီးပွားရေးပြဿနာတွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဆန္ဒပြုလိုက်ရင် ပြည့်စေတယ်လို့ ထိုင်းလူမှုအဖွဲ့အစည်းက ယုံကြည်ကြတယ်။ ထီဂဏန်းတွေ ပေးတာမျိုး၊ လောင်းကစားတာမျိုးတွေမှာ ဒီရုပ်တုက အတော်လေးကူညီနိုင်ပါတယ်။ ညသန်းခေါင် ၁၂ နာရီကနေ မနက် ၄ နာရီအတွင်း ဖြစ်ချင်တာကို ဆုတောင်းရပါတယ် ဒါပေမယ့် တစ်ယောက်ယောက်ကိုတော့ ဒီရုပ်တုလေးနဲ့ ကျိန်စာမတိုက်မိဖို့ သတိပေးချင်ပါတယ် ဘာကြောင့်လဲဆိုတော့ ရုပ်တုလေးက သင့်ရဲ့ကျိန်စာအတိုင်း ဖြစ်မြောက်အောင် လုပ်သွားမှာမို့လို့ပါလို့ ရေးသားထားပါတယ်။ 
 
 
ရုပ်တုလေးရဲ့ မျက်နှာကို သေသေချာချာစိုက်ကြည့်ရင် သင့်ဘဝထဲမှာ ဆုံခဲ့ဖူးသူ တစ်ယောက်ယောက်နဲ့ ခပ်ဆင်ဆင်တူနေတာကို ထူးဆန်းစွာ တွေ့ရမှာပါ။ အဲ့ဒါက ဒီရုပ်တုမှာ ကြောက်စရာအကောင်းဆုံးပဲ လို့ ဖော်ပြထားပါတယ်။ အွန်လိုင်းဈေးကွက်ပေါ်က ရောင်းရန်မဟုတ်တဲ့ "နန်ဖရာ" ရုပ်တုလေးကတော့ အထူးအဆန်းကြိုက်တဲ့ "ပိုပိုလေး" ပရိဿတ် စိတ်ဝင်စားစေနိုင်ပါလိမ့်မယ်။

06 Sep 2016     1,410 Views




RELATED

Most Popular of Special or Others

Most Popular of NEWS