BEC-TERO TV

အိုဘားမားအပေါ် စော်ကားပြောဆိုခဲ့ခြင်းကို နောင်တရမိတယ်ဟု ဖိလစ်ပိုင်သမ္မတဖွင့်ဟ

06 Sep 2016     1,271 Views


ဖီလစ်ပိုင်သမ္မတသစ် ရိုဒရီတို ဒူတာတေး က အမေရိကန်သမ္မတ ဘားရတ် အိုဘားမား အပေါ် ရိုင်းပျစော်ကားခဲ့တာကြောင့် နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံမည့် အစီအစဉ် ဖျက်သိမ်းခံရတဲ့အပေါ် အလွန်နောင်တရမိတယ်လို့ ဖွင့်ဟပြောဆိုလိုက်သည်။
အိုဘားမားအနေနဲ့ ဖိလစ်ပိုင်နိုင်ငံမှာ မူးယစ်ဆေးကိစ္စရပ်များ ဖြေရှင်းရာတွင် တရားစီရင်ရေးမပါပဲ အစိုးရကအကြမ်းဖက်သတ်ဖြတ် နှိမ်နင်းနေခြင်းအပေါ် ဒူတာတေးနှင့် ရင်ဆိုင်ဖြေရှင်း ဆွေနွေးလိုခဲ့ကြောင်း အိမ်ဖြူတော်အရာရှိများက ပြောကြားခဲ့သည်။
 
စက်တင်လာလ ၅ ရက် တနင်္လာနေ့က ပြောကြားခဲ့သော ဒူတာတေး၏ စိတ်ဆိုးမာန်ဆိုးဖြင့် ပြောကြားခဲ့သော မိန့်ခွန်းတွင်
သူ့ကိုယ်သူ ဘာထင်နေလို့လဲ..? ငါကအမေရိကန်ရဲ့ ကြိုးဆွဲရုပ်မဟုတ်ဘူးကွ။ ငါက သမ္မတ၊ နိုင်ငံရဲ့ဥသျှောင် ပြီးတော့ ဖိလစ်ပိုင်လူမျိုးတွေကလွဲရင် ဘယ်ကောင့်ကိုမှ ပြန်ဖြေဖို့မလိုဘူး။ ခွေးမသား ငါကျိန်ပြောတယ်ကွာ" ဟု အိုဘားမားကို "ခွေးမသား"
ဟု သုံးနှုန်းပြောဆိုခဲ့တဲ့ အတွက် နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံမည့် အစီအစဉ်ကို အိုဘားမားက ဖျက်သိမ်းလိုက်သည်။
 
 
အိုဘားမားအနေနဲ့ တရုပ်နိုင်ငံအပေါ် နယ်မြေချိန်ခွင်လျှာ မျှတမှုရှိနေစေရန် ဖီလစ်ပိုင်နိုင်ငံနှင့် အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာအောင် အထူးကြိုးစားအားထုတ်ခဲ့သူလည်းဖြစ်သည်။  အရှေ့တောင်အာရှခေါင်းဆောင်များနဲ့ အစည်းအဝေးပွဲ ပြုလုပ်နေတဲ့ လာအိုနိုင်ငံမှာ ယခုတစ်ပတ်အတွင်း  ဒူတာတေးနဲ့ တွေ့ဖို့စီစဉ်ခဲ့တာဖြစ်ပါသည်။
အိုဘားမားက ဒူတာတေးနှင့် တွေ့ဆုံမယ့်အစီစဉ်ကို ပယ်ဖျက်ပြီးနောက် တောင်ကိုရီးယားသမ္မတ ပါ့ခ်ဂွမ်ဟီး နဲ့တွေ့ဆုံတော့မှာဖြစ်ပါတယ်။ ဖိလစ်ပိုင်သမ္မတ ရိုဒရီတို ဒူတာတေးသည် "Son of Bitch" ဟူသည့် အသုံးအနှုန်းကို ရာထူးကြီးပုဂ္ဂိုလ်အတော်များများကို ခိုင်းနှိုင်းခဲ့ပြီး အခုနောက်ဆုံး အမေရိကန်သမ္မတကိုပါ ပုဂ္ဂိုလ်ရေးစော်ကားသလို ဖြစ်ခဲ့ပါသည်။ 

06 Sep 2016     1,271 Views




RELATED

Most Popular of International News

Most Popular of NEWS