BEC-TERO TV

လင်ယောက်ျားနှင့် ဖောက်ပြန်တဲ့ အမျိုးသမီးငယ်ကို ရက်ရက်စက်စက် တုံ့ပြန်ခဲ့တဲ့ ဇနီး

06 Sep 2016     21,069 Views


တရုပ်နိုင်ငံမှာ လင်ယောက်ျားဖောက်ပြန်နေတာကို ပက်ပင်းတိုးမိတဲ့ ဇနီးသည်က ဒေါသအမျက်ချောင်းချာင်းထွက်ပြီး အငြိုးတကြီးနဲ့ သစ္စာမရှိတဲ့စုံတွဲကို လူပုံအလယ်မှာ ရက်ရက်စက်စက် တုံ့ပြန်ခဲ့ပါတယ်။ ယောက်ျားနဲ့ ဖောက်ပြန်တဲ့ အမျိုးသမီးကို အော်ဟစ်ဆောင့်ဆွဲပြီး အဝတ်အစားတွေကို ဆွဲချွတ်ခဲ့ပါတယ်၊ တိုက်ခိုက်မှုကြောင့် အမျိုးသမီးမှာ ဒဏ်ရာတွေရရှိခဲ့ပြီး ကိုယ်လုံးတီးဖြစ်ကာ သွေးစွန်းနေတဲ့ တစ်ရှုးစတွေနဲ့ ကားထဲ့မှာ ခွေခွေလေး ဖြစ်နေတာကို ဗီဒီယိုမှာ မြင်တွေ့ရပါတယ်။
 
နောက်ထပ်အမျိုးသမီးတစ်ဦးကို လမ်းပေါ်မှာ အဝတ်အစားတွေ မရှိတော့ပဲ လဲကျနေတာကို တွေ့ရတဲ့အတွက် ဇနီးဖြစ်သူ အမျိုးသမီးရဲ့ တိုက်ခိုက်တာကို ခံခဲ့ရသူဟု ယူဆရပါတယ်။
 
ဇနီးသည်ဟာ သူမရဲ့ သစ္စာဖောက်တဲ့ ယောက်ျားကိုလည်း အော်ဟစ်ဆဲဆိုပြီး ကိုယ်လုံးတီးကျွတ်ဖြစ်အောင် အဝတ်အစားတွေကို ဆွဲချွတ်ဖို့ ကြိုးစားခဲ့ပါတယ်။ မကြာခင်မှာ ရဲအဖွဲ့ရောက်လာပြီး အခြေနေကို ကြားဝင်ထိန်းခဲ့တယ်လို့ The Mirror တွင် ရေးသားဖော်ပြထားပါသည်။

06 Sep 2016     21,069 Views




RELATED

Most Popular of International News

Most Popular of NEWS