BEC-TERO TV

The X Factor Myanmar 2016 သီချင်းဆိုပြိုင်ပွဲ မကြာမီ MRTV-4 တွင် ထုတ်လွှင့်မည်

07 Sep 2016     1,524 Views


နိုင်ငံတစ်ကာတွင် ထင်ရှားကျော်ကြား အောင်မြင်နေသော ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းသည့် သီချင်းဆိုပြိုင်အစီစဉ် "The X Factor" ကို မြန်မာနိုင်ငံတွင် "The X Factor Myanmar" အဖြစ် ပထမဦးဆုံး ထုတ်လွှင့်တင်ဆက် ပြသတော့မည် ဖြစ်ပါသည်။ "The X Factor Myanmar" ကို Forver Bec-Tero က မြန်မာပရိသတ်များထံ အရောက်သယ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး နိုင်ငံတစ်ကာတွေင် ကျင်းပနေသော "The X Factor" ၏ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာကာ MRTV-4 Channel ကနေ လာမယ့် စက်တင်ဘာလ ၁၀ ရက်နေ့မှ စတင်ကာ အပတ်စဉ် စနေ နှင့် တနင်္ဂနွေနေ့များတွင် စီစဉ်တင်ဆက် ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါသည်။
 
"The X Factor Myanmar 2016" ၏ ဒိုင်လူကြီးများအဖြစ် အနုပညာရှင်များ ဖြစ်ကြသည့် စည်သူလွင်၊ အိမ့်ချစ်၊ ငယ်ငယ်၊ ဇဝါ တို့က တာဝန်ယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
"The X Factor" တွင် အသက် ၁၆ နှစ် နှင့်အထက် ဝါသနာရှင်များ သီဆိုယှဉ်ပြိုင်နိုင်ပြီး၊ ပြိုင်ပွဲဝင်များကို အသံစစ်ဆေးပြီးနောက် ရွေးချယ်ခံရသူများကို (အမျိုးသားပြိုင်ပွဲဝင်၊ အမျိုးသမီးပြိုင်ပွဲဝင်၊ အဖွဲ့လိုက်ပြိုင်ပွဲဝင်၊ အသက် ၂၅ နှစ်အထက်ပြိုင်ပွဲဝင်) အဖြစ် အုပ်စု ၄ ခု ပြန်လည်ခွဲထုတ်သွားမှာ ဖြစ်ပါတယ်။ 
 
 
အုပ်စု တစ်ခုစီကို "The X Factor Myanmar" အစီစဉ်ရဲ့ Final ရောက်သည်အထိ ဒိုင်တစ်ဦးစီမှ လေ့ကျင့်သင်ကြားပေးရမှာဖြစ်ပါတယ်။ "The X Factor Myanmar 2016" အတွက် အမျိုးသားအုပ်စုကို အဆိုတော်စည်သူလွင်၊ အမျိုးသမီးအုပ်စုကို အဆိုတော်အိမ့်ချစ်၊ အဖွဲ့အုပ်စုကို အဆိုတော်ငယ်ငယ် နဲ့ အသက် ၂၅ နှစ်အထက် အုပ်စုကိုတော့ တေးရေးဇဝါ တို့က လေ့ကျင့်ကိုင်တွယ် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
 
မြန်မာနိုင်ငံရဲ့ မြို့ကြီးများ "ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပုသိမ်" မြို့တွေမှာ ပြုလုပ်ခဲ့သော "The X Factor Myanmar" ပြိုင်ပွဲများမှာ ထူးခြားတဲ့ တင်ဆက်မှုပုံစံသစ်၊ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ သီဆိုယှဉ်ပြိုင်မှုနဲ့ ဒိုင်တွေရဲ့ ရွေးချယ်မှုတွေက ပရိသတ်တွေနဲ့ တစ်ထပ်တည်းကျပါ့မလား ဆိုတာကို ယခုလာမယ့် ၂၀၁၆ စက်တင်ဘာလ ၁၀ ရက်၊ MRTV-4 Channel ကနေ စောင့်မျှော်ကြည့်ရှုကြပါစို့...
 
"ONLY ON MRTV-4

07 Sep 2016     1,524 Views




RELATED

Most Popular of Special or Others

Most Popular of Entertainment