ချင်းမိုင်တွင် မြန်မာကိုယ်ဝန်ဆောင်တစ်ဦး ဇီကာဗိုင်းရပ်စ်ကူးဆက်ခံထားမှုကြောင့် အလည်လာခြင်းမပြုရန် သတိပေး
08 Sep 2016 1,380 Views

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာအမျိုးသမီး ကိုယ်ဝန်ဆောင် တစ်ဦးနှင့် ထိုင်းလူမျိုး ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးတို့ကို ဇီကာဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း တွေ့ရှိရသဖြင့် ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ရုံးမှ ကိုယ်ဝန်ဆောင်သည်နှင့် ကိုယ်ဝန်ယူရန် ရည်ရွယ်ထားကြသူများ ယခုရက်ပိုင်းတွင် ချင်မိုင်မြို့သို့ မလာရောက်ကြရန် သတိပေး အကြောင်းကြားစာများ ထုတ်ပြန်ထားကြောင်း သတင်ရရှိသည်။ အဆိုပါ သတိပေးစာများကို မြန်မာလူမျိုးများ အများဆုံးသွားလေ့ရှိသော နေရာများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် အချိန်နဲ့ တပြေးညီသိရှိအောင် စက်တင်ဘာလ ၇ ရက်နေ့မှ စတင်ကာ လုပ်ဆောင်လျှက်ရှိပါသည်။
ချင်းမိုင်မှာရှိတဲ့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဌာနနဲ့ အနီးကပ် သတင်းအချက်အလက်တွေ ဖလှယ်ဖို့၊ ပြီးတော့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အပါအဝင် သူတို့လိုက်ပါလာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ဇီကာဗိုင်းရပ်စ် မကူးစက်အောင် ဂရုပြုနေထိုင်ဖို့နဲ့ မြန်မာအများစု၊ မြန်မာလူမှု့အဖွဲ့အစည်းတွေ အများဆုံး ဆုံ လေ့ရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ အသိပေးထုတ်ပြန်ချက်တွေကို ဖြန့်ပေးနေပါတယ်။ လူမှုကွန်ယက်တွေ ကလည်း အသိပေးကြေငြာထားသလို လူမှုအဖွဲ့အစည်းတွေကိုလည်း ထုတ်ပြန်ချက်တွေ သူတို့ကို ပေးပို့ထား ပါတယ်။
ဟု ချင်းမိုင် မြန်မာကောင်စစ်ဝန်ရုံးမှ သံမှူး ဦးသန်းယုကျော်က ပြောသည်။
ထို့ပြင် ရောဂါကူးစက်ခြင်းခံရပါကလည်း နီးစပ်ရာ ဆေးရုံတွင် ဆေးကုသမှုခံယူကာ အခြားသူများကို ဆက်လက် မဖြစ်ပွားရန်အတွက် မြန်မာကောင်စစ်ဝန်ရုံးက ဦးဆောင်ကာ ချင်းမိုင် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီရောဂါပိုးက ခြင်ကဖြစ်တဲ့ ပိုးဆိုတော့ ခြင်ကိုက်မခံရအောင်တော့ အထူးဂရုပြုနေရတယ်။ ကိုယ်ဘက်မှာမရှိ ပေမယ့် ထိုင်းနိုင်ငံမှာပဲ ဒီပိုးရောက်လာတော့ ဂရုစိုက်ရတာပေါ့။ ကလေးလည်းရှိတော့ အထူးဂရုစိုက် နေရပါတယ်။” ဟု ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ အအေးခန်းစက်ရုံတွင် အလုပ်လုပ်နေသော မြန်မာလုပ်သား တစ်ဦးက ပြောသည်။
ရပ်စ်ပိုးမှာ အာဖရိကတိုက်မှ စတင်ဖြစ်ပွားလာသော ဇီကာဗိုင်းရပ်စ်က အရှေ့တောင်အာရှနိုင်ငံများသို့ပါ ကူးစက်လာနေပြီး စင်္ကာပူနိုင်ငံတွင် အစောပိုင်းကထည်းက မြန်မာတစ်ဦးကူးစက်ခြင်း ခံထားရပြီး၊ ယခုထိုင်းနိုင်ငံမှာပါ မြန်မာကိုယ်ဝန်ဆောင်သည်တစ်ဦး ကူးဆက်ခံရခြင်းဖြစ်ပါသည်။
Ref: Irrawaddy