BEC-TERO TV

လှိုင်သာယာမြို့နယ်တွင် နယ်ထိန်းတစ်ဦး ဓါးထိုးခံရ

08 Sep 2016     1,475 Views


စက်တင်ဘာလ ၈ ရက်နေ့က လှိုင်သာယာမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ နဝဒေးဥယျာဉ်အိမ်ယာ အရှေ့ရှိ ဗစ်တိုးရီးယား ကုန်တိုက်အနီးတွင် မသင်္ကာဖွယ်ရာ လူလေးဦးတွေ့ရှိကြောင်း သတင်းရခဲ့သဖြင့် လှည့်ကင်းဆောင်ရွက်နေသော နယ်မြေလုံခြုံရေးအဖွဲ့က သွားရောက် စစ်ဆေးခဲ့ပါသည်။
 
မသင်္ကာဖွယ်ရာ လူလေးဦးအနက် စန်းလင်းအောင် ဆိုသူမှ ဓားဖြင့်ပြန်လည် ပြန်လည်တိုက်ခိုက်ပြီး ထွက်ပြေးသွားခဲ့ပါသည်။ ရန်မှုတိုက်ခိုက်မှုကြောင့် နယ်ထိန်းဒုတပ်ကြပ် ရဲသီဟ ရင်ညွှန့်တွင် ထိုးသွင်းဒဏ်ရာရရှိခဲ့ပြီး လူနာကို လှိုင်သာယာဆေးရုံမှ အင်စိန်ဆေးရုံသို့ ပြောင်းရွေ့တင်ပို့ ကုသခဲ့ရာ ယနေ့နံနက် ၉ နာရီ ၂၀ မိနစ် အချိန်တွင် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိပါသည်။
 
 
တရားခံများကို ဆက်လက်လိုက်လံ ဖမ်းဆီးရာ ယနေ့နံနက် ၅ နာရီ ၃၀ မိနစ် အချိန်တွင် လေးဦးစလုံးကို ဖမ်းဆီးနိုင်ခဲ့ပြီး ဆက်လက်၍ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
 
Ref: Ko Phyo 

08 Sep 2016     1,475 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS