BEC-TERO TV

သဘောမတူဘူးပြောသဖြင့် ချစ်သူမိန်းကလေးရဲ့ မိခင်ကို ဓါးနဲ့ခုတ်သတ်

09 Sep 2016     1,283 Views


သမီးရည်းစားချင်း ချိန်တွေ့ရာမှ မိန်းကလေး၏ မိခင်ဖြစ်သူနှင့် ပက်ပင်းတိုးမိပြီး မိခင်က သဘောမတူကြောင်းပြောလိုက်သဖြင့် သမီး၏ရည်းစားဖြစ်သူက ဓါးနှင့်ခုတ်သတ်မှု တစ်ခု စစ်ကိုင်းတိုင်းဒေကြီးအတွင်း ဖြစ်ပွားခဲ့သည်။
 
စက်တင်ဘာလ ၇ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် သမီးရည်းစားချင်း ချိန်းဆိုထားသဖြင့် အင်ငုတ္တိကျေးရွာမှ အသက် ၁၉ နှစ်အရွယ် လူရွယ်တစ်ဦးက စမ်းမြောင်တောတိုက်နေရာသို့ ရောက်ရှိလာစဉ် မိန်းကလေး၏ မိခင်နှင့် တွေ့ဆုံခဲ့ပြီး သဘောမတူကြောင်း ပြောဆိုခံရသဖြင့် အချင်းများကြပြီး ဒေါသကိုမထိန်းနိုင်ဖြစ်ကာ အသင့်ပါလာသော အရှည် ၁ တောင်ထွာခန့်ရှိ ဓါးမဖြင့် ခုတ်ခဲ့ရာ မိန်းကလေး၏ မိခင်ဖြစ်သူမှာ ယာနဖူးထိပ်မှ ဝဲမျက်ခုံးထိပ်ထိ ပြတ်ရှဒဏ်ရာနှင့် သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
 
ပြစ်မှုကျူးလွန်ခဲ့သည့် တရားခံအား ဥပဒေအရဖမ်းဆီးအရေးယူပေးပါရန် သာဖြစ်သူက စက်တင်ဘာလ ၇ ရက်နေ့တွင် ကန့်ဘလူမြို့မရဲစခန်းတွင် တိုင်ကြားခဲ့ရာ၊ အမှုကြီး အမှတ်စဉ် (၇/၂၀၁၆) (ပ)၁၆၈/ ၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ(၃၀၂)အရ အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
 
ကန့်ဘလူမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးတင့်ဆွေ က အမှုနှင့် ပက်သက်ပြီး မှတ်ချက်တစ်စုံတရာပေးဖို့ကို “ကျွန်တော်တို့က ဖြေလို့မရပါဘူး။ အဲလိုဖြေမယ်ဆိုရင် လူကြီးကို တင်ပြရဦးမှာပါ။” ဟုပြောခဲ့ပါသည်။

09 Sep 2016     1,283 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS