ရဲတပ်ဖွဲ့ဝင်နှစ်ဦး စကားများကြရာမှ ဓါးထိုးမှုဖြစ်
09 Sep 2016 1,436 Views

ရဲတပ်ဖွဲ့ဝင်နှစ်ဦး အရက်သောက်အတူပြီး အချင်းများကြရာ စိတ်ထဲတွင် အခဲမကျေသဖြင့် တစ်ဦးအိပ်ပျော်နေစဉ် ကျန်တစ်ဦးမှ ဓါးနဲ့ထထိုးသည့် ဖြစ်စဉ်တစ်ခု ပဲခူးတိုင်းဒေသကြီး အတွင်း ဖြစ်ပွားခဲ့သည်။
ရဲတပ်သားနေလင်းထက် နဲ့ ရဲတပ်သားအောင်ဖြိုးလွင်တို့သည် တောင်ငူခရိုင်၊ ဖြူးမြို့နယ်အပိုင် (၁၁၅) မိုင် ရဲကင်းတွင် တာဝန်ထမ်းဆောင် နေကြသော တမင်းတစ်အိုးတည်းအတူချက်စားသူများ ဖြစ်ကြသည်။ ရဲကင်းတွင် အတူအရက်သောက်ကြရာမှ ထမင်းအတူချက်စားတဲ့ ကိစ္စနဲ့ပက်သက်၍ သူက ပိုကုန်ကျတယ်၊ ငါက ပိုကုန်ကျတယ်နဲ့ အခြေအတင်စကားများခဲ့ကြပါတယ်။ နံနက် ၂ နာရီခန့်မှာတော့ နေလင်းထက် အိပ်ပျော်နေစဉ် အောင်ဖြိုးလွင်မှ အဝါရောင် အရိုးတပ်အရိုး အသွား (၈)လက်မခွဲခန့်ရှိ ဓားဖြင့်ထိုးခဲ့ရာ နေလင်းထက်တွင် ယာဘက်နံရိုးထိုးသွင်း ဒဏ်ရာ တချက်၊ မေးစေ့အောက်ပြတ်ရှ ဒဏ်ရာတချက်တို့ရရှိခဲ့ပြီး ဖြူးဆေးရုံသို့ အတွင်းလူနာ(မစိုးရိမ်ရ)ဖြင့် ဆေးကုသမှုခံယူနေရကြောင်းနှင့် တရားခံအောင်ဖြိုးလွင်အား ဖြူးမြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Ref: News Watch