BEC-TERO TV

မုတ်ဆိတ်မွှေးအများဆုံးအမျိုးသမီး

12 Sep 2016     1,567 Views


ယူကေနိုင်ငံ၊ Berkshire ,Slough က ကိုယ်ကာယလေ့ ကျင့်ရေး မော်ဒယ်တစ်ဦးဖြစ်တဲ့ အသက် ၂၄နှစ်အရွယ် Harnaam Kaur ဟာ အိန္ဒိယအမျိုးသမီးတစ်ဦးဖြစ်ပါတယ် ။ သူမရဲ့ ခြောက်လက်မလောက်ရှည်လျားတဲ့မုတ်ဆိတ်မွေးတွေကြောင့် သူမအသက် ၂၄နှစ်နဲ့ ၂၈၂ရက်မှာ ကမ္ဘာ့အံ့သြဖွယ်မှတ်တမ်းဝင် တစ်ယောက်ဖြစ်သွားခဲ့ပါတယ် ။

မုတ်ဆိတ်မွေးဆိုတာ အများအားဖြင်း အမျိုးသားတွေမှာသာ ပေါက်လေ့ ရှိကြပြီး သူမကတော့ ထူးထူးခြားခြားပါ ။ သူမဟာpolycystic ovary syndromeဆိုတဲ့ hormonal case ကြောင့်အခုလို ရှည်လျားတဲ့ မုတ်ဆိတ်မွေးတွေထွက်ရှိလာခြင်း လည်း ဖြစ်ပါတယ်။

၂၀၁၆ခုနှစ် မတ်လ Marianna Harutunian Royal Fashion Day ရှိုးမှာ Sikh turban ရိုးရာဝတ်စုံ ၀တ်ဆင်ထားပြီး အနက်ရောက် ၀တ်စုံ၊ hight heelsနဲ့ ကြွကြွရွရွလေးလျှောက်လှမ်းပါဝင်ခဲ့ပါသေး တယ်။ ၂၀၁၆ခုနှစ် London Fashion Week မှာကမ္ဘာ့ပထမဆုံး မုတ်ဆိတ်ပါရှိတဲ့ မော်ဒယ်အဖြစ်ပါဝင်ခဲ့ပါတယ်။

Harnaam Kaur ကသူမဟာ ဒီလို ကမ္ဘာ့အံ့ဖွယ်မှတ်တမ်းမှာ မှတ်တမ်းတင်ပါဝင်ခဲ့လို့ စိတ်လှုပ်ရှား၊ဂုဏ်ယူမိတယ် လို့လည်းပြော ခဲ့ပါတယ်။

Credit:Shwemom


12 Sep 2016     1,567 Views




RELATED

Most Popular of Special or Others

Most Popular of NEWS