BEC-TERO TV

တာဝန်ချိန်တွင် ပြင်ပဆေးခန်းမှာရှိနေတဲ့ ဆရာဝန်များအရေးယူခံရမည်

14 Sep 2016     1,236 Views


တာဝန်ချိန်တွင် ပြင်ပဆေးခန်းတွင် ရှိနေသော ဆရာဝန်များကို ဝန်ထမ်း စည်းမျဉ်းစည်းကမ်းအရ အရေးယူသွားမယ်လို့ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြိးဒေါက်တာလှမြတ်သွေးကပြောပါတယ်။
ဆရာဝန်များက လိုအပ်နေတဲ့အချိန်မှာ သူတို့ရဲ့ပြင်ပ ဆေးခန်းတွေမှာရှိနေပြီးတော့ ဆေးရုံးလာဖို့ လိုအပ်နေတဲ့ကိစ္စတွေဆေးရုံး မလာရင် ထိထိရောက်ရောက် စစ်ဆေး အရေးယူမှာ ဖြစ်ပါတယ်လို့ ၎င်းကပြောပါတယ်။
 
စက်တင်ဘာလ (၈)ရက်နေ့ကပြုလုပ်တဲ့ဧရာဝတီတိုင်းဒေသကြီးလွတ်တော် ဒုတိယပုံမှန်အစည်းအဝးမှာ ရေကြည် မဲဆန္ဒနယ် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်၏ပြင်ပလူနာဌာနများတွင် ပြည်သူလူထု ၏ လိုအပ်ချက် အား သက်ဆိုင်ရာဝန်ကြီးဌာနဆောင်ရွက်ပေးမည့်အစီအစဉ်အား မေးမြန်းမှနှင့်ဆက်စပ်၍ ယင်းကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။
ဆရာဝန်များသည် ပုဂ္ဂလိက ကျန်းမာရေး ဥပဒေအရ ပြင်ပဆေးခန်းများ ကို ရုံးချိန်ပြင်ပတွင် သာဖွင့်လှစ်ကုသခွင့်ရှိပါတယ်။
 
ရုံးချိန်ပြင်ပမှာပဲဖွင့်ခွင့်ရှိတယ် သို့သော် ဆေးရုံးများကိုအရေးပေါ်လူနာများရောက်လာမယ်ဆိုရင် အချိန်မရွေး ကိုလာရောက်ကုသပေးရမှာပါ” လို့လည်း ဒေါက်တာလှမြတ်သွေးကပြောပါတယ်။
 
အစိုးရအဖွဲ့အနေနဲ့ဒီလိုမျိုးဆရာဝန်တွေကို  လုပ်ခွင့်ရှိပါတယ် အရေးယူခွင့်ရှိတယ် ပြဿနာကဘာလည်းဆို ဝန်ထမ်း ဘယ်ဝန်ထမ်းမဆို လူမှုစာရီတ်တွေမကာမိဘူးမလုံလောက်ဘူး မကာမိတော့ပိုက်ဆံရဖို့ အပိုလုပ် ရှာတာပဲ တစ်ချို့ကပညာနဲ့ရှာတယ် ပညာနဲ့မရှာနိုင်တဲ့သူကရုန်းထဲမှာ ရှာတယ် ရှာပုံရှာနည်းမတူဘူးပေါ့ အဲ့တော့ နှစ်မျိုးစလုံးကစည်းကမ်းနဲ့ ဥပဒေ ချိုးဖောက်နေတာပဲ တစ်ခုရှိတာက ဆရာဝန်တွေကို ဒီလို သွားလုပ်ရင် ရုန်းထဲထိုင်ပြီး လုပ်နေတာထိုင်ကြည့်နေတာမလုပ်ဘူးလားဆိုတာလည်းပြောလာလိမ့်မယ် အဲ့တော့ အားလုံးကို သာတူညီမျှအောင် စီစဉ်ရမယ်" လို့အငြိမ်းစားဆရာဝန်တစ်ဦးကပြောပါတယ်။
ဆင်ရဲ ချို့တဲ့သောကျေးလက်နေသများမှ ကျေးလက်နေပြည်သူများ မှာလည်း ပြင်ပဆေးခန်းကိုသာအားကိုးနေရခြင်းကြောင့် ငွေကြေးအခက်အခဲတွေရှိနေပြီး တစ်ချို့သော ကျေးလက်နေပြည်သူများဆေးကုသမှုပင်မခံယူနိုင်ကြောင်းလည်းဦးမျိုးညွန့်ကပြောပါတယ်။
 
ဒါ့ကြောင့် ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်နိုင်မှု ထိရောက်စွာပံ ပို့ကူညီနိုင်ရန်ပြင် ပလူနာဌာနများကိုလည်း အစိုးရက တတ်နိုင်သလောက် တိုးမြှင့်ကူညီပေးဖို့လည်း ဒေါက်တာမျိုးညွန့်ကလွတ်တော်မှတစ်ဆင့် တိုက်တွန်းခဲ့ပါတယ်။ ပြည်သူ့ဆေးရုံ မှာတာဝန်ထမ်းဆောင် နေတဲ့ကျန်းမာရေးဝန်းထမ်း များ၏ ၀တ္တရား ပျက်ကွက်မှုများကိုလည်း သက်သေအထောက်အထားနဲ့တင်ပြတိုင်ကြားဖို့လည်း ဒေါက်တာလှမြတ်သွေးက ဖိတ်ခေါ်လိုက်ပါတယ်။
သက်သေအထောက်အထားနဲ့တင်ပြတိုင်ကြားမှုရှိပါက ဌာနတွင်းစစ်ဆေးမှုများပြုလုပ်ပြီးထင်ရှားပါက ဝန်ထမ်းစည်းမျဉ်းစည်းကမ်းတွေနဲ့အရေးယူမှာဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။ ပြည်သူလူထု ကိုကျန်းမာရေး စောင့်ရှောက်မှု အပြည့် အဝပေးနိုင်ရန်မှာ လိုအပ်သောကျန်းမာရေးဝန်ထမ်းဆရာဆရာမများ ဆရာဝန်များကိုလည်း ပြည့်မီအောင် ခန့်ထားပေးရေးမှာအစိုးရမှာ တာဝန်ရှိပါတယ်။
 
ဧရာဝတီတိုင်းဒေသကြီးတွင် ဆရာဝန်စုစုပေါင်း ၁၁၅၂ ဦး ခန့်ထားရမှာဖြစ်သော်လည်း ၆၁၄ ဦးသာခန့်ထားနိုင်ပြီး အဆိုပါ ဆရာဝန်များထဲတွင် ဘွဲလွန် တက်ရောက်နေသောဆရာဝန် မှာ(၈၀)ဦးရှိပါတယ်။ ထိုနည်းတူစွာ တိုက်နယ်ဆေးရုံ အရေအတွက် (၉၅) ခု တွင် လက်ထောက်ဆရာဝန် ဦး  ၁၈၉ ခန့်ထားရမှာဖြစ်သော်လည်း  လက်ရှိတွင် (၉၂)ဦးသာ ခန့်ထားနိုင်သလိုသူနာပြုဆရာမ ၃၀၃၆ ဦးအကန် ၁၃၄၄ ဦးကိုသာခန့်ထားနိုင်ပါသေးတယ်။
 
အဆိုပါ လိုအပ်ချက်တွေအတွက် ဝန်ထမ်းများတိုးမြှင့် ခန့်ထားရေးနဲ့ ကျန်းမာရေးအသုံးစာရိတ် တိုးမြှုင့်ပေးနိုင်ဖို့ ပြည်ထောင်အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဒေါက်တာလှမြတ်သွေးကဆိုပါတယ်။ ယခင်အစိုးရလက်ထက်တွင်ဧရာဝတီတိုင်းဒေသကြီးအတွင်းဆေးရုံဆေးခန်းများအားဆန္ဒထုတ်ဖော်မှုများ
ရှိခဲ့သလို ကျန်းမာရေးဝန်ထမ်းများအားတိုင်ကြားမှုများလည်း ရှိခဲ့ပါတယ်။
 
ဆေးရုံဝန်ထမ်းတွေအတွက်တော့ ဒီသတင်းဟာ သတင်းဆိုးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သလို ဝန်ကြိးအနေနဲ့ ၀တ္တရားပျက်ကွက်တဲ့ကျန်းမာရေး ဝန်ထမ်းတွေကို တကယ်တွေ့လာရင် ဘယ်လိုမျိုးအရေးယူမလဲဆိုတာစောင့်ကြည့်ရမှာပါ ၊ခုလိုဆောင်ရွက်မှုအပေါ် ပြည်သူတွေအတွက်ကြိုဆိုပါတယ် ။တစ်နိုင်ငံလုံးက ဆေးရုံတွေ အားလုံးအခုလိုဆောင်ရွက်နိုင်ရင်  ပြည်သူတွေအနေနဲ့ အစိုးရရဲ့ကျန်းမာရေးစောင့် ရှောက်မှုတွေ ပိုရနိုင်မယ်လို့ မျှော်လင့်မိပါတယ်။
 
Credit: Messenger

14 Sep 2016     1,236 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS