BEC-TERO TV

အင်အားလျော့ကျလာနေသော တိုင်ဖုန်း တရုပ်ပြည်သို့ ဝင်ရောက်

15 Sep 2016     1,265 Views


စက်တင်ဘာ ၁၅၊ ပေကျင်း-
မာရန်တီတိုင်ဖုန်းမုန်တိုင်းသည် မိုးသက်လေပြင်းတိုက်ခတ်ခြင်းတို့နဲ့အတူ ကြာသပတေးနေ့က တရုပ်ပြည်အရှေ့တောင်ပိုင်းကို ဝင်ရောက်လာခဲ့သည်။ ပြည်နယ်အတွင်း လျှပ်စစ်ဓါတ်အားများ ပြတ်တောက်သွားခဲ့ပြီး လက်ရှိအချိန်ထိတော့ ထိခိုက်ဒဏ်ရာရသူ မရှိသေးဘူးလို့ ပြည်တွင်း မီဒီယာတွေကနေသတင်းရရှိပါတယ်။
 
တိုင်ဝမ်နိုင်ငံ တောင်ဘက်ခြမ်းကို ဝင်ရောက်ခဲ့ပြီးနောက်မှာ အားပျော့သွားခဲ့တဲ့ အဆိုပါ တိုင်ဖုန်းမုန်တိုင်းကို အင်အားကြီး စူပါတိုင်ဖုန်းအဖြစ် သတ်မှတ်ခံပါတယ်။ လွန်ခဲ့တဲ့နာရီ အနည်းငယ်ခန့်က မြို့တော် ရှီမန် အနီးကို ဝင်ရောက်လာခဲ့ပြီး ဖူဂျီယန် နားက အချို့လမ်းမတွေပေါ်မှာ ရေတွေပြည့်လျှံတက်ပြီး၊ သစ်ပင်တွေကျိုးကျခြင်း ကားများ ပျက်ဆီးခဲ့ပါတယ်။ ဒါဇင်နဲ့ချီတဲ့ လေကြောင်း၊ ရထားခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ရတာကြောင့် ပြည်သူတွေဟာ ပွဲတော်ရာသီ အားလပ်ရက်အတွက် အဆင်မပြေမှုတွေ စတင်တွေ့ကြုံနေရတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
 
ရှီမန်ရဲ့ အချို့ဒေသတွေမှာ မြို့ပြရော ကျေးလက်ပါမကျန် လျှပ်စစ်ဓါတ်အား ဖြတ်တောက်ထားခဲ့ပါတယ်။ လူထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ နေရာရွေ့ပြောင်းလျက်ရှိပြီး ငါးဖမ်းလှေတွေကိုလည်း ကမ်းပြန်ကပ်လာဖို့ သတင်းပို့ထားပါတယ်။ ဗုဒ္ဓဟူးနေ့က တိုင်ဝမ်မှာ ဝင်ရောက်တိုက်ခတ်စဉ်က လူတစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃၈ ဦးရှိခဲ့ပါတယ်။
 
'မာရန်တီ' ဟာ တိုင်းဖုန်းအမျိုးအစား နံပါတ် ၅ ဖြစ်ပြီး အင်အားအပြင်းထန်ဆုံး မုန်တိုင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။ ယခု တရုပ်ပြည်မကြီးကို ဝင်ရောက်လာတဲ့ အချိန်မှာတော့ နံပါတ် ၂ အဆင့်ကို အားပျေားသွားခဲ့ပါတယ်။ တိုင်းဖုန်းတွေဟာ အခုလိုအချိန်မှာ ဖြစ်နေကြဖြစ်ပါတယ်၊ ပစိဖိတ်ရဲ့ ပူနွေးတဲ့ရေပြင်ကို ဖြတ်သန်းကာ အင်အားကို စုစည်းလာခဲ့ပြီး မြေပြင်ဒေသအရောက်မှာတော့ မိုးသက်လေပြင်းတွေနဲ့အတူ အားကောင်းတဲ့ မုန်တိုင်းတခု ဖြစ်လာခဲ့ပါတယ်။
'မာရန်တီ’ ဆက်လက် အားပျော့သွားဖို့ရှိနေပြီး စီးပွားရေးမြို့တော်ဖြစ်တဲ့ ရှန်ဟိုင်း ဆီကို  မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ဦးတည်လာနေပါပြီ။
 
Source: CNA
 

15 Sep 2016     1,265 Views




RELATED

Most Popular of International News

Most Popular of NEWS