BEC-TERO TV

ကမ္ဘာလှည့်ခရီးသည်များ တင်လာသော အင်ဒိုနီးရှား ဖယ်ရီဘုတ် ပေါက်ကွဲ

15 Sep 2016     1,262 Views


ဂျကာတာ၊ စက်တင်ဘာ ၁၅။
ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၃၅ ဦး တင်ဆောင်လာသော ဖယ်ရီသင်္ဘောတစ်စင်း ဘာလီကျွန်းနဲ့ လွန်ဘောက်ကျွန်း အကြားမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ၂ ဦးသေဆုံးပြီး၊ ၁၃ ဦး ဒဏ်ရာရတယ်လို့ သတင်းရရှိပါတယ်။
 
အင်ဒိုနီးရှားနိုင်ငံရဲ့ ခရီးသွားတွေအကြိုက် အပန်းဖြေကျွန်း နှစ်ကျွန်းဖြစ်တဲ့ ဘာလီ နှင့် လွန်ဘောက် ကို ကူးတဲ့ သင်္ဘောဟာ လွန်ဘောက်ကမ်းခြေ အနီးမှာ ကြာသပတေးနေ့ က မီးလောင်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ 
“နှစ်ယောက်သေတယ်၊ ၁၃ ယောက် ဒဏ်ရာရတယ်” လို့ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ မိတ်ဒ်ဆူဒါနာ က ပြောပါတယ်။ အင်ဒိုနီးရှားလူမျိုးနဲ့ ဒတ်ခ်ျလူမျိုး နှစ်ဦးသေဆုံးခဲ့ပြီး အခြား ၁၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
"ကြည့်ရတာ လှေပေါ်မှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ တင်လာတယ်နဲ့တူတယ်၊ အင်ဂျင်နဲ့ ဆိုတော့ အရေးပေါ်အခြေနေ​တွေ ဖြစ်ကုန်တာပေါ့” လို့ ဆက်ပြောပါတယ်။
 
လှေပေါ်မှာ လိုက်ပါလာကြသူတွေဟာ သြစတြေးလျ၊ ကိုရီးယား၊ ပြင်သစ်၊ ဗြိတိန် နဲ့ ဂျာမန် နိုင်ငံသားတွေ ဖြစ်တယ်လို့ သတင်းမီဒီယာတွေကနေ သိရှိရပါတယ်။
 
Photo: Illustration
 
@Popolay

15 Sep 2016     1,262 Views




RELATED

Most Popular of International News

Most Popular of NEWS