BEC-TERO TV

ခရီးသွား Bus ကားပေါ်မှာ အ၀တ်တွေချွတ်ကာ တိုင်ပတ်အက, ကပြခဲ့တဲ့အမျိုးသမီး

15 Sep 2016     6,229 Views


အမေရိကန် ဘလက်တီမိုးမြိုကတော်ကနေ မြို့ဆင်ခြေဖုံဘက်ကို ပြန်လည်မောင်းနှင်လာတဲ့ ဘက်စ်ကားပေါ်မှာ အမျိုးသမီးတစ်ယောက်ဟာ ရုပ်တည်ကြီးနဲ့ ဟောဟောဒိုင်းဒိုင်း တိုင်ပတ်အကကို က,ပြခဲ့ပါတယ်။ ပထမတော့ မြင်ရသူတွေ ဒီဘွားတော် ၀က်ရူးပြန်တာလား ဆိုပြီး အူပေပေနဲ့ ကြည့်နေမိကြပါတယ်။ဒါပေမယ့် အမျိုးသမီးကြီးကတော့ သူ့ကို အားပေးတဲ့ ပရိသတ် အခိုင်အမာ ရပြီဟေ့လို့ စိတ်ထဲက တွေးလိုက်မိသလား မပြောတတ် … တစ်ဆင့်ပိုကဲလို့ ဖြဲစရာရှိတာတွေ စဖြဲပါတော့တယ်။ အ၀တ်ကို ပြောတာပါ။ အဲဒီမှာ အလုပ်ကနေ အိမ်ကို ပြန်လာတဲ့ အမျိုးသားတစ်ယောက်က ဖုန်းကိုထုတ်ပြီး မှတ်တမ်းတင်ပါတယ်။

အဲဒီအမျိုးသမီးဟာ အင်တာနက်မှာ မဟုတ်မဟတ် နာမည်ကျော်သွားမှာကို သိလို့နဲ့တူပါတယ် … ကင်မရာဆရာကို ဆဲဆိုပြီး “ဟဲ့ … သောက်အက,ကို ရိုက်ယူရင် သောက်ပိုက်ဆံပေး “ဆိုပြီး အော်ပါတယ်။ အဲဒီနောက် အ၀တ်တွေကို စချွတ်ပါတော့တယ်။ ခရီးသွားအမျိုးသမီးတစ်ယောက်က ရဲက လာဖမ်းနေမယ်နော်-ဆိုပြီး ပြောတဲ့အပြင် အမျိုးသားတစ်ယောက်ကလည်း ” ခင်ဗျား .. အားလုံးကို ကားပေါ်က ဆင်းသွားစေချင်တာလား “လို့ မေးခဲ့ပါတယ်။ခြောက်မိနစ်ခန့် ကြာခဲ့တဲ့ အဲဒီဗွီဒီယိုဖိုင်ကို အင်တာနက်မှာ မူရင်းရိုက်ကူးသူက ဖြန့်ဝေခဲ့ပြီး ၀င်ရောက်ကြည့်ရှုသူ 58000 ကျော် ရှိခဲ့သလို၊ Share လုပ်သူ 1407 ကြိမ် ရှိခဲ့ပါတယ်။

Credit : shwemom


15 Sep 2016     6,229 Views




RELATED

Most Popular of Special or Others

Most Popular of NEWS