BEC-TERO TV

ယာဉ်ထပ်ဆင့်တိုက်မှု ဖြစ်ပွားပြီး ဒဏ်ရာရသူ နှစ်ဦးကို စံပြဆေးရုံသို့ ပို့ဆောင်

16 Sep 2016     1,230 Views


စက်တင်ဘာ ၁၅ ရက်၊ အရှေ့ဒဂုံမြို့နယ် တစ်ပင်ရွှေထီးလမ်းနှင့် ကျန်စစ်သားလမ်းထောင့်တွင် ည ၈ နာရီ အချိန်ခန့်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ 
 
ကျန်စစ်သားလမ်းအတိုင်း မောင်းနှင်လာသော ကိုယ်ပိုင်ယာဉ်တစ်စီးမှ ၁၂ ဂစ်ဆိုင်အနီးတွင် မော်တော်ဆိုင်ကယ်အား တိုက်မိခဲ့ပြီး အရှိန်မထိမ်းနိုင်ပဲ လမ်းတစ်ဖက်တွင် ရပ်နားထားသော ယာဉ်တစ်စီးအား ဆပ်လက်တိုက်မိသည့်အပြင် တစ်ဖက်ယာဉ်ကျောမှ မောင်းနှင်ကွေ့ဝင်လာသည့် မော်တော်ယာဉ် ၂ စင်းအား ဆက်လက်တိုက်မိခဲ့ပါသည်။ အဆိုပါယာဉ်တိုက်မှုတွင် ဆိုင်ကယ်မောင်းနှင်လာသည့် ဇနီးမောင်နှံနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ တင်ပို့ခဲ့ရပြီး အခြေနေမစိုးရိမ်ရကြောင်း သတင်းရရိပါသည်။ 

16 Sep 2016     1,230 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS