BEC-TERO TV

ရည်းစားဟောင်းက ကြိုးနဲ့တုပ်ပြီး အဓမ္မကျင့်တာခံခဲ့ရတဲ့ ဆယ်ကျော်သက်မလေး

16 Sep 2016     3,059 Views


- Nikitah Beadman အသက်(17)နှစ်အရွယ်သာ ရှိပြီး ပြင်းထန်စွာ ရိုက်နှက်နှိပ်စက်ခံရပြီး ကြိုးတုပ်ကာ အဓမ္မကျင့်တာကို ခံခဲ့ရပါတယ်

-သူမကို ယုတ်မာခဲ့သူကတော့ ရည်စားဟောင်း Robert Galleghan ဖြစ်ပြီး သြစတီးယားနိုင်ငံ Queensland အရှေ့တောင်ပိုင်းမှာ နေထိုင်ပါတယ်

-Beadman ဟာ စရိုက်ဆိုးဝါးလှတဲ့ Robert ရည်းစားအဖြစ်မှာ ပယ်ဖြတ်ခဲ့ပါတယ်

-Robert ဟာ အညှိုးတရားကြီးစွာနဲ့ Beadman ကို လက်စားချေဖို့ ချောင်းမြောင်းနေပြီး သင်္ဘောကွန်တိန်နာသေတ္တာကြီးတစ်ခုထဲကို ဆွဲသွင်းပြီး ပြင်းပြင်းထန်ထန် ထိုးကြိတ်ကန်ကျောက်ခဲ့ပါတယ်

A Current Affair လို့ အမည်ပေးထားတဲ့ ရုပ်သံအစီအစဉ်မှာ Beadman က အဖြစ်သနစ်မှန်သမျှကို ပြောပြခဲ့ပါတယ်။ Beadman က ” တစ်နေ့နေ့ တစ်ချိန်ချိန် ဒီလိုဖြစ်လာမယ်လို့ ထင်ထားပြီးသားပါ … သူက ကျွန်မကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်း-ဆိုပြီး ကြိမ်းထားတယ်လေ ” လို့ ဆိုပါတယ်။Robert ဟာ သူမကို ပါတီတစ်ခုမှာ အတင်းဝင်ရောက် ဆွဲခဲ့တာဖြစ်ပြီး အနီးအနားမှာရှိတဲ့ သူငယ်ချင်းတွေကို ဓားနဲ့ခြိမ်း ခြောက်ခဲ့ပါတယ်။ အဲဒီနောက် Beadman ရဲ့ ဦးခေါင်းကို ကော်ဖီစားပွဲနဲ့ စောင့်ခဲပြီး သင်္ဘောကွန်တိန်နာတစ်ခုဆီကို ဒ ရွတ်တိုက် ဆွဲခေါ်သွားကာ ကြိုးနဲ့တုပ်ပြီး၊ ပါးစပ်ကိုပိတ်ကာ စိတ်ရှိလက်ရှိ ကန်ကျောက်ပြီးနောက် အလိုမတူပဲ သားမ ယား ပြုကျင့်ခဲ့ပါတယ်။

နောက်ပိုင်းတော့ Beadman ဟာ အသက်လုံးဝရှုမရတော့ဘဲ သတိလစ်သွားခဲ့ပါတယ်။ ၀မ်းဗိုက်ကို ပြင်းပြင်းထန်ထန် ထိုးနှက်ကာ အဓမ္မအကျင့်ခံရခြင်းကြောင့် သားအိမ်လုံးဝပျက်စီးသွားခဲ့တဲ့ Beadman ဟာ ကလေးလုံးဝမရနိုင်တော့ဘူးလို့ လည်း သိရပါတယ်။ Robert ကို ရဲတပ်ဖွဲ့ကို ကျူးလွန်တဲ့ ကွန်တိန်နာထဲမှာ လက်ရဖမ်းဆီးထိန်းသိမ်းခဲ့ပြီး 2012 ခုနှစ်မှာ ထောင်ဒဏ်ရှစ်နှစ် ချမှတ်ခဲ့ပါတယ်။ ဒါကြောင့် Robert ဟာ 2021 ခုနှစ်အထိ ထောင်ထဲမှာ နေရတော့မှာ ဖြစ်ပါတယ်။

Soure : shwemom


16 Sep 2016     3,059 Views




RELATED

Most Popular of International News

Most Popular of NEWS