BEC-TERO TV

ရည်းစားထားသည့် ကိစ္စပြောဆိုဆုံးမစဉ် အဆိပ်သောက်သေဆုံးခဲ့

16 Sep 2016     1,396 Views


-စက်တင်ဘာလ ၁၆ ရက်နေ့ တွင် လှိုင်သာယာမြို့နယ်တွင် ရည်းစားထားသည့် ကိစ္စပြောဆိုဆုံးမစဉ် အဆိပ်သောက်သေဆုံးခဲ့သည်

- သက်ဆိုင်ရာက သေမှုသေခင်းဖွင့်လှစ်စစ်ဆေးလျက်ရှိသည်

ည ၁၂ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် အင်းစိန်ဆေးရုံ၌ လူတစ်ဦး အဆိပ်သောက်သေဆုံးရောက်နေကြောင်း သတင်းအရ လှိုင်သာယာမြို့မရဲစခန်းမှ ရဲအုပ်ချစ်လွင် နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။ သေဆုံးသူမှာ တွံတေးမြို့နယ်နေ အသက်(၁၅) နှစ်အရွယ်မိန်းကလေးဖြစ်ပြီး ပြင်ပဒဏ်ရာတစ်စုံ တစ်ရာမတွေ့ရှိဘဲ သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

စုံစမ်းချက်အရ သေဆုံးသူမှာ လွန်ခဲ့သော ၃ လခန့်က လှိုင်သာယာမြို့နယ်ရှိကုန်စုံဆိုင်တစ်ဆိုင်တွင် ဈေးကူရောင်း လုပ်ကိုင်ရန် နေထိုင်သူဖြစ်ကြောင်း၊၎င်းင်းကို ဆိုင်ရှင်ဖြစ်သူက ရည်းစားထားသည့် ကိစ္စဖြင့် ပြောဆိုဆုံးမခဲ့ရာက ဆန်ပိုးမထိုးရန် ဆန်ထဲတွင်ထည့်သည့် ပိုးသတ်ဆေးပြား တစ်ပြားကို သောက်ခဲ့ ရာက ည ၉ နာရီ ၄၀ အချိန်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အလောင်းကို အင်းစိန်ဆေးရုံက ပီအာရ် ၂၇ ဖြင့် လက်ခံထားပြီး လှိုင်သာယာမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၆၀/၁၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

Soure : themyanmartimes/


16 Sep 2016     1,396 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS