BEC-TERO TV

တရုတ်အမျိုးသမီးတဦး၏ အံ့ဖွယ်စွမ်းရည်ပြ နမ်ချပ်ကူသိုင်းအက

18 Sep 2016     1,243 Views


- တရုတ်နိုင်ငံအရှေ့တောင်ပိုင်း၊ ဖူဂျီယမ်ပြည်နယ်မှ လဲ့အမည်ရ အမျိုးသမီးကတော့ “နမ်ချပ်ကူ” သိုင်းအကကိုပဲ ရွေးချယ်သူတစ်ယောက်ဖြစ်ပါတယ်

- နမ်ချပ်ကူလက်နက် အသုံးပြုပြီး သခွားသီးကို ခုတ်ပိုင်းပြတာတွေ၊ နမ်ချပ်ကူကို ဝှေ့ယမ်းပြီး ထွန်းထားတဲ့ ဖယောင်းတိုင်တွေကို မလဲစေဘဲ မီးငြှိမ်းသတ်ပြတာတွေ စတဲ့ စတန့်ပြ သရုပ်ဖော်မှုတွေဟာ အံ့သြစရာပါပဲ

- လက်ရှိမှာတော့ သူ့ရဲ့ စွမ်းရည်ပြ သိုင်းအက ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့ပါတယ်

သူဟာ ရွာထဲမှ တခြားအမျိုးသမီးတွေကိုလည်း နမ်ချပ်ကူသိုင်းကို သင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အွန်လိုင်းပေါ်မှ ကြည့်ရှုသူ ပရိသတ်တွေဟာ “အံ့သြစရာပါပဲ”၊ “အကောင်းဆုံး ဖန်တီးနိုင်မှု သရုပ်ပြကွက်ပါပဲ”၊ “နွေဦးရာသီ ဂါလာအားကစားပွဲတော်မှာ မြင်ချင်ပါတယ်” စသဖြင့် မှတ်ချက်တွေ ပေးခဲ့ကြတာပါ။

Soure : burmese.dvb.no/


18 Sep 2016     1,243 Views




RELATED

Most Popular of Special or Others

Most Popular of NEWS