BEC-TERO TV

အထည်ချုပ်လုပ်ငန်းများ ကျဆင်းမှုကြောင့် စက်ရုံအချို့ ပိတ်ရမည့် အခြေနေကို စိုးရိမ်နေရ

19 Sep 2016     1,245 Views


မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းများတွင် အော်ဒါများ ကျဆင်းလာခြင်းကြောင့် စက်ရုံများ ဆက်လက်လည်ပတ်နိုင်ဖို့ အခြေနေမှာ စိုးရိမ်ရကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမြင့်စိုး က ပြောသည်။ UK နိုင်ငံက EU ကနေ ခွဲထွက်ဖို့ကိစ္စတွေ ဖြစ်ပေါ်လာပြီးနောက် EU ရဲ့ စီးပွားရေး ကျဆင်းလာမှုနဲ့ ဆက်စပ်နေပြီး လတ်တလောမှာ ရွှေပေါက်ကံ က စက်ရုံတစ်ရုံ ပိတ်လိုက်ပြီး အခြားစက်ရုံအချို့မှာလည်း အလုပ်သမားခများကို ၃ ကြိမ်လောက် ခွဲပေးနေရတယ်လို့ ဆိုပါတယ်။
 
ပြည်တွင်း၌ လည်ပတ်နေသော အထည်ချုပ် စက်ရုံပေါင်း ၉၀၀ နီးပါးနှင့် အလုပ်သမား သုံးသိန်းခွဲခန့်ရှိပြီး အထည်တင်ပို့မှုပမာဏ ပို့ကုန် တန်ဖိုးမှာ ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ၊ ၂၀၁၅ ခုနှစ်တွင် ၁ ဒသမ ၆၅ ဘီလီယံထိ မြင့်တက်ခဲ့ပြီး ၂၀၁၆ ခုနှစ်အတွင်းမှာ အော်ဒါများ ကျဆင်းလာမှုကြောင့် စက်ရုံအလုပ်ရှင်နှင့် အလုပ်သမားများကလည်း လုပ်ငန်းများ ဆက်လက်မလည်ပတ်နိုင်မှာကို စိုးရိမ်နေရကြောင်း သိရှိရသည်။
မြန်မာနိုင်ငံရဲ့ အထည်ချုပ်စနစ်ကို လက်ခစားစနစ် CMP မှာ ကိုယ်ပိုင်တံဆိပ်ဖြင့် ပြည်ပနိုင်ငံများသို့ တင်ပို့သည့် FOB စနစ်သို့ ပြောင်းလဲရန် လိုအပ်လျှက်ရှိကြောင်း သိရှိရသည်။
 
ကိုးကား-News Watch
 

19 Sep 2016     1,245 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS