BEC-TERO TV

သန်လျင်တွင် မီးရထားနှင့် မော်တော်ကား တိုက်မိ

19 Sep 2016     1,226 Views


စက်တင်ဘာ ၁၉ ရက်၊ သန်လျင်မြို့နယ် အုတ်ဖိုစုဘူတာအနီးတွင် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် မြို့ပတ်ရထား ညောင်ရမ်း အဆန် ၁၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် (တာဝ) သို့ ခုတ်မောင်းလာစဉ် အုတ်ဖိုစုရပ်ကွက်မှ သနပ္ပင်ကျေးရွာသို့ ယာဉ်မောင်း ဟိန်းဇာနည်အောင် (၂၉) နှစ် မောင်နှင်လာသည့် အက္ခရာ 3E****** TOYOTA Vitz အမျိုးအစားယာဉ်နှင့် သံလမ်းအကူးနေရာတွင် တိုက်မိခဲ့ခြင်းဖြစ်သည်။ ရထား၏ ဝဲဘက်ခေါင်းပိုင်းနှင့် တိုက်မိခဲ့ပြီး မော်တော်ယာဉ်ပျက်စီးသွားသော်လည်း လူထိခိုက်ဒဏ်ရာ မရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ယာဉ်တိုက်မှုအတွက် ယာဉ်မောင်း ဟိန်းဇာနည်အောင်ကို ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ-၈၅ ဖြင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ ရထားရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

19 Sep 2016     1,226 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS