BEC-TERO TV

အကယ်ဒမီစာရင်းဝင်ရုပ်ရှင်ဇာတ်ကားများကို နိုင်ငံတကာပညာရှင်များပါဝင် အကဲဖြတ်ပေးရန်မှာ မဖြစ်နိုင်သေး

19 Sep 2016     1,223 Views


မြန်မာ့ရုပ်ရှင်လောကရှိ အနုပညာရှင်အချို့သည် မြန်မာ့ရုပ် ရှင်ထူးချွန်ဆုပေးပွဲအတွက် စာရင်း ဝင်ရုပ်ရှင်ဇာတ်ကားများကို နိုင်ငံတ ကာမှ အနုပညာရှင်၊ အတတ်ပညာရှင်များကို ဖိတ်ခေါ်ကာ ကြည့်ရှုအကဲဖြတ်ပေးစေချင်ကြသော်လည်း ယင်းကဲ့သို့နိုင်ငံတကာမှအနုပညာရှင်များကို ဖိတ်ခေါ်အကဲဖြတ်စေရန်မှာ မဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌ သရုပ်ဆောင်လူမင်း ကပြောသည်။
နိုင်ငံတကာပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့ အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကားတွေကို အကဲဖြတ်ခိုင်းဖို့ဆိုတာက မဖြစ်နိုင်သေးပါဘူး။ မြန်မာရုပ်ရှင်အနုပညာ ကိုဖန်တီးတဲ့အခါမှာ မြန်မာစိတ်၊ မြန်မာဖန်တီးတဲ့ မြန်မာသဘာဝကို မသိတဲ့ နိုင်ငံခြားသားတစ် ယောက်က ပါဝင်အကဲဖြတ်ပေး ဖို့ဆိုတာက တကယ်သေချာပြန် စဉ်းစားကြည့်မယ်ဆိုရင် အားနည်းချက်တွေ အများကြီးရှိနေသေးတယ်..
ယင်းကဲ့သို့ အနုပညာရှင် အချို့၏ သဘောဆန္ဒအတိုင်း နိုင်ငံတကာ အနုပညာရှင် များကိုဖိတ်ခေါ်၍ အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကားများကို အကဲဖြတ်ရန်မှာ ယခုနှစ်တွင်မဖြစ်နိုင်သေးသော်လည်း နောင်နှစ်များတွင် အနုပညာရှင်တို့၏ သဘောဆန္ဒတိုင်း ပြုလုပ်နိုင် ရန်အတွက် ကြိုးစားသွားမည် ဖြစ်ကြောင်းသိရသည်။
 
နိုင်ငံတစ်ကာမှ အနုပညာရှင်များကို ဖိတ်ခေါ်အကဲဖြစ်စေလိုတဲ့ အကြောင်းကို ဒါရိုက်တာတစ်ဦးက-
အခုကျွန်တော် တို့ဆီမှာ ဘာဖြစ်နေ လဲဆိုတော့ ဒီနှစ်အ ကယ်ဒမီအကဲဖြတ်အဖွဲ့မှာ သူပါ ရဲ့သားနဲ့ ငါ့ကိုထောက်ခံမပေးဘူး။ အေး ငါ့အလှည့်ကျရင်လည်း သူ့ ကိုထောက်ခံမပေးဘူး။ တွေ့ကြ သေးတာပေါ့ကွာဆိုပြီးတော့ စိတ် ထဲမှာမှတ်ထားတယ်။ အဲဒီတော့ တစ်ယောက်ရဲ့ အနုပညာဖန်တီး မှုကိုမကြည့်တော့ဘဲနဲ့ ငါအလှည့် တုန်းကသူတောင်မပေးတာ ငါလည်း မပေးဘူးဆိုတာမျိုးတွေ ဖြစ်နေ တယ်။ နိုင်ငံခြားကပညာရှင်တွေ လာတော့သူက ဘယ်ဒါရိုက်တာ၊ ဘယ်မင်းသားနဲ့မှမသိဘူး။ သူမျက် စိထဲမှာ အနုပညာဖန်တီးမှုကိုပဲ ကြည့်ပြီးတော့ အကဲဖြတ်ပေးလေ။ အဲဒီလိုအခြေ အနေမျိုးကိုလိုချင်လို့ ကျွန်တော်တို့က နိုင်ငံခြားသားကို ပါဝင်အကဲ ဖြတ်ပေးစေချင်တာပါ
ဟု ဆိုသည်။
၂၀၁၆ ခုနှစ် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် စိစစ် အကဲဖြတ်ရေးအဖွဲ့ကို စက်တင်ဘာ ၁၆ ရက်တွင် ဖွဲ့စည်းလိုက်ပြီဖြစ် သော်လည်း ဆုရွေးချယ်မှုလုံခြုံ ရေးအရ အသိပေးခြင်းမရှိသေးကြောင်းသိရှိရသည်။

19 Sep 2016     1,223 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS