BEC-TERO TV

သားသမီးများကို ဈေးဝယ်သူတွေထံမှ ငွေတောင်းခိုင်းသည့် အမျိုးသမီးဂိုဏ်းအဖွဲ့

19 Sep 2016     1,255 Views


- ရိုမေးနီးယားလူမျိုးတွေလို့ ယူဆရတဲ့ တောင်းရမ်းသူအမျိုးသမီးအဖွဲ့တစ်ခုဟာ ငွေကြေးအတွက် သားသမီးတွေကို တောင်းခိုင်းနေတဲ့ ဖြစ်ရပ်တွေ

-ထိုဖြစ်ရပ်တွေကို လန်ဒန်ရှိ Harrods ဈေးမှာ မကြာခဏတွေ့ရှိနေရတဲ့အတွက် ရဲတပ်ဖွဲ့က စုံစမ်းမှုတွေ လုပ်နေပါတယ်

- ငွေကြေးချမ်းသာသည်ဟု ယူဆရတဲ့ ဈေးဝယ်အမျိုးသမီးတွေကို ပစ်မှတ်ထားကာ တောင်း ရမ်းခိုင်းတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်

ရဲတပ်ဖွဲ့ရဲ့ ကနဦးစုံစမ်းချက် အရ ၎င်းအဖွဲ့ဟာ ကြီးမားတဲ့ ဂိုဏ်းတစ်ခုသဖွယ် တည်ရှိနေတယ်လို့ ဆိုပါတယ်။ အဆိုပါ အမျိုးသမီးတွေဟာ ကလေးနဲ့ အနည်းငယ်ဝေးတဲ့နေရာကနေ လှမ်းကြည့်နေတတ်ပြီး ဈေးဝယ်သူတွေကို စိတ် အနှောက်အယှက်ပေးနေတယ်လို့ ရဲတပ်ဖွဲ့ဆီကို တစ်စုံတစ်ယောက်က တိုင်ကြားခဲ့ပါတယ်။ Harrods ဈေးဟာ ဇိမ်ခံပစ္စည်းနဲ့အသုံးအဆောင်စတိုးဆိုင်တွေ သီးသန့်စုဝေးရာ ဖြစ်လို့ ငွေကြေးချမ်းသာသူ တော်တော်များများ လာရောက်ဈေးဝယ်လေ့ရှိတဲ့ ဈေးကြီး ဖြစ်ပါတယ်။ ဒါကို အခွင့်ကောင်းယူကာ ဈေးဝယ်သူ အမျိုးသမီးတွေထံကို အဆိုပါ ဂိုဏ်းက အနီးကပ်ကြပ်မက်ပြီး ပိုက်ဆံတောင်းစေတာ ဖြစ်ပါတယ်။

ဈးဝယ် အမျိုးသားတစ်ချို့ဆီကိုလည်း တောင်းရမ်းခိုင်းလေ့ ရှိပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့ဟာ ချက်ချင်း ရောက်လာခဲ့ပြီး ၎င်းတို့လုပ်ငန်းစလို့ သုံးနာရီလောက်အကြာမှာ ဆက်ပြီး မလုပ်ဖို့ တား မြစ်ခဲ့ပါတယ်။ ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက ” ကလေးတွေကို သူတို့က ကောင်းကောင်း သင်ပေးထားပါတယ် … ချမ်းသာတယ်ထင်တဲ့သူတွေကို ချဉ်းကပ်ပြီး ပိုက်ဆံတောင်းဖို့ မနီးမဝေးကနေ ကြီးကြပ်နေကြပါတယ် … တကယ်လည်း သူတို့အလုပ်က ၀င်ငွေခိုင်ပါတယ် … “လို့ ဆိုပါတယ်။ ၎င်းက ဆက်လက်ပြီး ” ခရီးသွားတွေဆီကို ကပ်ပြီးလက်တွေကို အတင်းဆွဲ ငွေတောင်းတာလည်း ရှိပါတယ် … ဒါပေမယ့် Paddington ဘူတာမှာ သူတို့ သိပ်အကြာကြီးမလုပ်လိုက်ရဘဲ အမြန်လမ်းရဲတပ်ဖွဲ့က လာရောက်တားမြစ် သွားပါတယ် “လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ Harrods ဈေးဟာ Paddington ဘူတာအတွင်းမှာ တည်ရှိတဲ့ ဈေးဖြစ်ပါတယ်။

Soure :  shwemom


19 Sep 2016     1,255 Views




RELATED

Most Popular of International News

Most Popular of NEWS