BEC-TERO TV

ဂျပန်တွင် အပျိုလူပျို တစ်ဝက်လောက်က အပျိုရည်မပျက်သေးကြောင်း တွေ့ရ

19 Sep 2016     1,705 Views


ဂျပန်နိုင်ငံမှာ လက်မထပ်ရသေးတဲ့ အပျို၊ လူပျို စုစုပေါင်းရဲ့ ထက်ဝက်ကျော်ဟာ အပျိုစင်၊ လူပျိုစင်စစ် ဖြစ်နေသေးကြောင်း အမျိုးသားတက္ကသိုလ် လူဦးရေနှင့် လူမှုပတ်ဝန်းကျင်လုံခြုံရေး သုတေသန ဌါနက ပြီးခဲ့တဲ့ ကြာသပတေးက ထုတ်ပြန်ခဲ့တဲ့ အချက်ဟာ ဂျပန်နိုင်ငံအတွက်တော့ ထိတ်လန့်စရာ သတင်းတစ်ခုဖြစ်ခဲ့ပါတယ်။
 
ကွင်းဆင်းလေးလာချက်များအရ၊ အသက် ၁၈ နှစ်ကနေ အသက် ၃၄ နှစ်ကြား လက်မထပ်ရသေးတဲ့ လူပျို ၄၂ ရာခိုင်နှုန်းနဲ့ အပျို ၄၄.၂ ရာခိုင်နှုန်းတို့က သူတို့ဟာ အပျိုရည်မပျက်သေးကြောင်း ဝန်ခံခဲ့ပါတယ်။
 
“အစိုးရအနေနဲ့ ဂျပန်တွေဟာ စားလိုက်သောက်နဲ့ပဲ လိင်ဆက်ဆံမှုမရှိတဲ့ ဒီလိုအခြေအနေကို သဘောတွေ့မှာမဟုတ်ဘူး” လို့ မီဇူဟိုအိုကီက ဂျပန်သတင်းစာမှာ ရေးသားလိုက်ပါတယ်။ စီမံရေးရာဝန်ကြီးချုပ် ရှင်ဇိုဘီ က မွေးဖွားနှုန်း တက်လာအောင် မွေးလာတဲ့ ကလေးငယ်တွေကို ထောက်ပံမှုတွေပေးဖို့ ပြောခဲ့ပါတယ်၊ ဒါပေမယ့် ဂျပန်တွေကတော့ သူတို့ရဲ့ အိပ်ယာပေါ်မှာ တစ်ကိုယ်ရည်လေ့ကျင့်ခန်းတွေပဲလုပ်ရင်း မည်သည့်ရလာဒ်မှ အကောင်ထည်ပေါ်မလာပါဘူး။ ဂျပန်နိုင်ငံမှာ အပျိုစင်စာရင်းက ၂၀၁၀ ခုနှစ်ထက်စာရင် ယခုနှစ်မှာ ပိုမိုမြင့်တက်လာတယ်လို့ သိရှိရပါတယ်။
 
ဂျပန်မှာ အပျိုစင်များရတဲ့ အကြောင်းကတော့ လူငယ်တွေအနေနဲ့ ထိတွေ့လိုစိတ်တွေ ရှိနေသော်လည်း သူတို့ရဲ့ လက်တွေ့ဘဝ နဲ့ စိတ်ကူးယဉ်ကမ္ဘာကြားမှာ ခြားနားမှုတွေ ရှိနေသေးလို့ပါ ဟု သုတေသန ခေါင်းဆောင် ဖူတိုရှီအီရှီ က ပြောပါတယ်။ ဒါကြောင့်မို့ အများစုက နောက်ကျပြီးမှ အိမ်ထောင်ပြုတာ သို့မဟုတ် တစ်ကိုယ်တည်း နေထိုင်သွားတာမျိုးတွေ ရှိလာပြီး အမျိုးသားမွေးဖွားနှုန်းကို ထိခိုက်ကျဆင်းစေတယ်လို့ ဆက်ပြောပါတယ်။ ဒါပေမယ့် သူတို့တွေမှာ ပုံမှန်ဖြစ်လာဖို့ မျှော်လင့်ချက်တွေ ရှိနေပါသေးတယ်လို့ ထည့်ပြောသွားပါတယ်။

19 Sep 2016     1,705 Views




RELATED

Most Popular of International News

Most Popular of NEWS