BEC-TERO TV

ရထားလမ်းပေါ်တက်အိပ်သူတစ်ဦး ရထားကြိတ်ကာသေဆုံး

20 Sep 2016     1,306 Views


စက်တင်ဘာ ၂၀ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ် အင်ပင်ဘူတာမှ ထွက်ခွာလာသော အမြန်ရထားသည် ဟင်္သာတဘူတာသို့ သွားသည့်လမ်းတွင် လူတစ်ဦးကို တိုက်မိကာ သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့သည်။
 
 
စက်ခေါင်း​မောင်း ဦးဝင်းလတ် မောင်းနှင်လာသော အမှတ် ၁၈၂ အစုန်ရထားက မိုင်တိုင်အမှတ် ၁၅၂/၇ နှင့် ၁၅၂/၈ အကြားတွင် မီးရထားသံလမ်းပေါ် တက်အိပ်နေသာ ဇော်လွင်(ခ)မုဒု အသက် ၃၅ နှစ်၊ မကျီးတန်းကျေးရွာ အင်ပင်ကျေးရွာအုပ်စု မြန်အောင်မြို့နယ်နေသူအား တိုက်ကြိတ်၍ သေဆုံးကြောင်း သတင်းရရှိသည်။ သေဆုံးသူသည် မီးရထားလမ်းဘေးရှိ ရိုးချောင်းတွင် ငါးမျှားပြီးနောက် မီးရထားသံလမ်းပေါ်သို့ တက်အိပ်ခြင်းဖြစ်ကြောင်း ယူဆရပါသည်။
 
Source: ရှုထောင့် မှုခင်းနှင့်သတင်း မီဒီယာဂရု

20 Sep 2016     1,306 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS