ကိုရီးယားနှင့် ထိုင်းအလှကုန်ပစ္စည်းအချို့ သုံးစွဲရန်မသင့်ကြောင်း သတင်းထုတ်ပြန်
20 Sep 2016 1,511 Views

ထိုင်းနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှတင်သွင်းသည့် အလှကုန်ပစ္စည်းအချို့တွင် ဓာတုပစ္စည်းများ လိုအပ်သည့် ပမာဏထက် ပိုမိုပါဝင်နေခြင်းကြောင့် ပြည်သူများဝယ်ယူသုံးစွဲခြင်းမပြုရန်နှင့် ပြည်တွင်းဈေးကွက်တွင် တင်သွင်း ဖြန့်ဖြူးရောင်းချခြင်း မပြုရန် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က စက်တင်ဘာ ၁၉ ရက် တွင် အသိပေးထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။
အသုံးပြုတင်သွင်းရန် တားမြစ်ခံထားရသည့် အလှကုန်များမှာ ထိုင်းနိုင်ငံမှထုတ်လုပ်သည့် White-Me Placenta Cream၊ KRK Beautiful Kit Cream၊ Dr Yanhee Skin Care Set တို့နှင့် ကိုရီးယားနိုင်ငံမှထုတ်လုပ်သည့် Snail Gift Set Premium တို့ဖြစ်သည်။ တားမြစ်ချက်ကို မလိုက်နာပဲ ပြည်တွင်းဈေးကွက်တွင် တင်သွင်းဖြန့်ဖြူးရောင်းချခြင်းပြုလုပ်ပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေပုဒ်မ ၃၊ အပိုဒ်(၃)(ဃ)အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

‘‘အခုအသိပေးကြေညာထားတဲ့ အလှကုန်ပစ္စည်းတွေကို ဈေးကွက်ထဲမှာတွေ့ရင် သိမ်းမယ်။ ထပ်မရောင်းဖို့ သ တိပေးမယ်။ သတိပေးလျက်နဲ့ ထပ်ခါထပ်ခါရောင်းနေတယ်ဆိုရင်တော့ ဆိုင်ပိတ်သိမ်းတဲ့အထိ အရေးယူ ဆောင်ရွက်ပါမယ်။’’ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အလှကုန်ဌာနခွဲမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ သဇင်ရီလှိုင်ကပြောသည်။
အထက်ပါ အလှကုန်ပစ္စည်းများတွင် ကင်ဆာဖြစ်စေနိုင်သောဓါတ်နှင့် မာကျူရီဓါတ်များ လိုအပ်သည်ထပ် ပိုမိုပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရပြီး ဤကဲသို့သော အလှကုန်များကို ဝယ်ယူသုံးစွဲမိပါက အရေပြားကင်ဆာ ဖြစ်ပွားရန် အလားအလာရှိသည့်အတွက် အသုံးပြုဖြန်ဖြူးရန် တားမြစ်ရကြောင်း သတင်းရရှိသည်။
Source: မြစ်မခမီဒီယာ