BEC-TERO TV

သူရဲ့ ခွေးကို iPhone 7 ရှစ်လုံးဝယ်ပေးတဲ့ တရုပ်သူဌေးသား

21 Sep 2016     1,280 Views


Apple ရဲ့ ပစ္စည်းတွေ အားလုံးဟာ ဈေးကြီးတဲ့ တန်ဖိုးမြင့် ပစ္စည်းတွေဖြစ်လို့ တော်ရုံတန်ရုံလူတစ်ယောက် အနေနဲ့ဆို လိုချင်ရင်တောင် နှစ်ခါလောက် ပြန်စဉ်းစားပြီးပဲ ဝယ်ဖြစ်တတ်ပါတယ်။ ဒါပေမယ့် တရုပ်ပြည်က ’ကိုကိုး’ လို့ အမည်ပေးထားတဲ့ ခွေးလေးတစ်ကောင်ကိုတော့ သူ့ရဲ့ ပိုင်ရှင်ဖြစ်သူက နောက်ဆုံးပေါ် iPhone 7 ရှစ်လုံးတိတိ ဝယ်ပေးခဲ့ပါတယ်။
 
ခွေးပိုင်ရှင် ‘ဝမ်စီကွန်း’ ဟာ ယူအက်စ်ဒေါ်လာ ဘီလီယံ ၃၀ ကျော်ပိုင်ဆိုင်တဲ့ တရုပ်ဘီလီယံနာ 'ဝမ်ဂျန်လင်း' ရဲ့ သားတစ်ဦးဖြစ်ပါတယ်။ ‘ဝမ်စီကွန်း’ က တရုပ်လူမှုကွန်ယက် တစ်ခုဖြစ်တဲ့ “Weibo” မှာ ခွေးလေး ‘ကိုကိုး’ အနေနဲ့ “ဘော်ဒါတွေက iPhone 7 တွေ ဘာလို့ ထုတ် ထုတ်ပြနေကြတာလဲ..? ဒါက ထူးဆန်းတဲ့ ကိစ္စမှ မဟုတ်တာ၊ ခင်ဗျားတို့ လုပ်တာနဲ့ ကျုပ်လဲ ထုတ်ပြရပီပေါ့” လို့ စာရေးတင်ခဲ့ပါတယ်။
 
ဒါတင်မကသေးပဲ တစ်လုံးကို ယူအက်စ်ဒေါ်လာ ၁ သောင်းလောက်တန်တဲ့ ရွှေရောင် Apple Watch နှစ်လုံးကို ‘ကိုကိုး’ ရဲ့ လက်မှာ ပတ်ပေးထားတဲ့ ပုံတွေ၊ ဒေါ်လာ ၆၀၀ တန် Delvaux သော့ချိပ်ကို လည်ပတ်အဖြစ် ဆင်ပေးထားတဲ့ ပုံတွေကိုပါ တင်ခဲ့ပါတယ်။
 
 
 
 
ဒါတွေကို ကြည့်ခြင်းအားဖြင့် ‘ဝမ်စီကွန်း’ ဟာ ‘ကိုကိုး’ အတွက် iPhone 7 ရှစ်လုံးပဲ ဝယ်ပေးထားတာ မဟုတ်ကြောင်း အံ့အားသင့်မိပါတယ်။
 
Ref:Stomp

21 Sep 2016     1,280 Views




RELATED

Most Popular of Special or Others

Most Popular of NEWS