BEC-TERO TV

ကားမောင်းရင်း ဖုန်းသုံးမိလို့ ကလေးသုံးယောက်ကို ဖြတ်ကျိတ်

21 Sep 2016     1,614 Views


တရုပ်ပြည် ရှန်ကျန်း ယာဉ်ရပ်နားစခန်းမှာ ဆင်ခြင်မဲ့ သတ်လက်လွတ် ကားမောင်းသူတစ်ဦး ကလေးငယ် ၃ ဦးကို ဖြတ်ကျိတ်သွားတာကို လုံခြုံရေးကင်မရာတွေကတစ်ဆင့် ဖမ်းယူနိုင်ခဲ့ပါတယ်။
ယာဉ်မောင်းသူဟာ အမျိုးသမီးတစ်ဦးဖြစ်ပြီး မတော်တဆမှု ဖြစ်ပွားစဉ်မှာ သူမက ဖုန်းသုံးနေခဲ့ခြင်းဖြစ်ပါတယ်။ ကလေးတွေကို ဖြတ်ကျိတ်ခဲ့ပြီး တစ်ဦးကတော့ ကားဘီးအောက်မှာ တရွတ်တိုက်ပါသွားခဲ့ပါတယ်။ ကံကောင်းထောက်မစွာဖြင့် ကလေးငယ်တွေဟာ အသက်မသေသော်လည်း အရိုးများကျိုးခြင်း နှင့် အခြားဒဏ်ရာဝေဒနာများကို မချိမဆံ့ခံစားနေကြရပါတယ်။
 
အဆိုပါ မတော်တဆမှု ဗီဒီယိုကို တရုပ်လူမှုကွန်ယက် Weibo မှာ ရှန်ကျန်းရဲအဖွဲ့က တုတ်လွှင့်ခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုအပေါ်မှာ ကလေးတွေကို ယာဉ်ရပ်နားရာနေရာမှာ ပေးဆော့ထားတဲ့ မိဘတွေကို ခပ်ပြင်းပြင် ဝေဖန်မှုတွေ ပေးခဲ့ပြီး တစ်ဦးကမူ မိဘတွေကို ၁၅ ရက်လောက် ပညာပေးဖို့အတွက် ထိန်းသိမ်းထားသင့်တယ်လို့ ရေးသားခဲ့ပါတယ်။
ရဲအဖွဲ့က ပြစ်မှုကျူးလွန်သူနဲ့ မော်တော်ယာဉ်ကို ဖမ်းဆီးအရေးယူခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိပါတယ်။
 
Ref:Stomp

21 Sep 2016     1,614 Views




RELATED

Most Popular of International News

Most Popular of NEWS