BEC-TERO TV

ဖိလစ်ပိုင်လူဝင်မှုကြီးကြပ်ရေးက ဂျပန်အပြာမယ်ဟောင်း၏နိုင်ငံကူးလက်မှတ်ဓာတ်ပုံကို ဖေ့စ်ဘွတ်ပေါ်တင်ခဲ့

21 Sep 2016     1,896 Views


-ဂျပန် အပြာမယ်ဟောင်းရုပ်ကူးခဲ့သူ မာရီယာအိုဇာဝါက(maria ozawa) ဖိလစ်ပိုင်နိုင်ငံ ၊မနီလာမြို့မှာ အလုပ် လုပ်ကိုင်ဖို့ ခွင့်ပြုချက်လျှောက်ထားမယ့်ကိစ္စနဲ့ ဖိလစ်ပိုင်ကိုရောက်ရှိခဲ့ပါတယ်။

-နောက်ရက် အနည်းအကြာမှာတော့ သူငယ်ချင်းတွေရဲ့ သတိပေးမှုကြောင့် ဖေ့စ်ဘွတ်ပေါ်မှာ မိမိရဲ့နိုင်ငံကူးလက်မှတ်ကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေပျံနှံနေခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

-၂၀၀၅ ခုနှစ်ကနေ ၂၀၁၀ ကြားမှာ အပြာရုပ်ရှင်ဇာတ်ကားပေါင်းရာနဲ့ ချီအောင် ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။

-အိုဇာဝါက ဖေ့ဘွတ်ပေါ် တင်ထားသောသူဓာတ်ပုံကို “ စိတ်ဆိုးရကောင်းနိုးနိုး”၊ “ဝမ်းနည်းရကောင်းနိုးနိုးနဲ့” ဖြစ်နေပါတယ်။

လူတချို့က အပျော်အပြက်လုပ်ကြတာကို နားလည်းပေးနိုင်ပေမယ့် လူဝင်မှုကြီးကြပ်ရေးမှာ တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းကတော့ ဒီလိုမျိုးမလုပ်သင့်ပါဘူးလို့ ဆိုခဲ့ပါတယ်။လူဝင်မှုကြီးကြပ်ရေးဆိုတဲ့နေရာက ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေနဲ့ ပတ်သက်ရင် လူတွေယုံကြည်ရတဲ့နေရာမျိုး ဖြစ်သင့်ပါတယ်။အိုဇာဝါကရဲ့ အေဂျင်စီက ဥပဒေအရ တရားစွဲဆိုမှုတွေပြုလုပ်ဖို့ဆောင်ရွက်နေပြီလို့သိရပါတယ်။

လူဝင်မှုကြီးကြပ်ရေးဌာနက ပြောရေးဆိုခွင့် ရှိသူက “ဧည့်သည့်တွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ မပေါက်ကြားဖို့က ပထမဦးစားပေးပါ။နိုင်ငံကူလက်မှတ်ဓာတ်ပုံကို လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတစ်ယောက်က ဖြန့်ခဲ့တာဟုတ်မဟုတ် အတည်ပြုဖို့ စစ်ဆေးမှုတွေလုပ်ဆောင်နေပါပြီ” လိုဆိုခဲ့ပါတယ်။

Soure : pyimyanmarnews/


21 Sep 2016     1,896 Views




RELATED

Most Popular of Special or Others

Most Popular of NEWS