BEC-TERO TV

ဒုတိယ တစ်ကိုယ်တော်အခွေ ကိုမွေးနေ့မှာ ထွက်မယ့် ဇွဲပြည့်

21 Sep 2016     1,366 Views


အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့ နဲ့ ပရိသတ်ကြားထဲ ရေပန်းစားခဲ့တဲ့ ဇွဲပြည့်က ဒုတိယမြောက် တစ်ကိုယ်တော် သူ့ရဲ့မွေးနေ့လဲ ဖြစ်တဲ့ နိုဝင်ဘာ ၃၀မှာ ထွက်ရှိမယ်လို့ သိရပါတယ်။ ‘ ဒုတိယမြောက် တစ်ကိုယ်တော်တေးစီးရီးကိုတော့ ကျွန်တော့်မွေးနေ့မှာ ထွက်နိုင်အောင် စီစဉ်နေပါတယ်။ ကျွန်တော့်မွေးနေ့ကတော့ နိုဝင်ဘာ ၃၀ ရက်ပါ။ ကျွန်တော် အနုပညာအလုပ်တွေ ဆက်တိုက် ပြန်လုပ်နေပြီမို့ အားပေးကြပါဦး’ လို့ ဇွဲပြည့်က ပြောပါတယ်။

အခွေမှာသီချင်း ဆယ်ပုဒ်ပါဝင်မှာဖြစ်ပြီး နာမည်ကြီး တေးသီချင်းအဟောင်းတွေကို ထည့်သွင်း သီဆိုထားတဲ့အပြင် Featuring အဖြစ် အောင်ထက်၊ ၀ိုင်းစုခိုင်သိန်းနဲ့ အိမ့်ချစ်တို့လည်း ပါဝင်ကူညီ သီဆိုပေးထားပါတယ်။ ‘ကျွန်တော်ဒီအခွေလေးကိုတော့ နာမည်မပေးရသေးပါဘူး၊ ပေးဖြစ်ရင်တောင် ကျွန်တော်အရမ်းကြိုက်တဲ့ သီချင်းဟောင်းလေးတွေထဲက ပေးဖြစ်မှာပါ’ လို့ ထပ်မံပြောပါတယ်။

‘မကြီးစန်းနှင့် သူ၏ချစ်သူများ’ ဗီဒီယိုဇာတ်ကားမှာ ပါဝင်ကူညီသရုပ်ဆောင်ထားပြီး သြဂုတ်လမှာတော့ တေးစီးရီးခေါင်းစဉ်ဖြစ်တဲ့ ‘အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့’ ဗီဒီယိုဇာတ်ကားမှာတော့ မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဗီဒီယိုဇာတ်ကားတွေအတွက် လာရောက်ကမ်းလှမ်းထားတာမျိုး ရှိပေမယ့် သီချင်းအဆိုဘက်အပိုင်းကို အားထုတ်ချင်တာမို့ ကားရိုက်တွေနားထားတာ ဖြစ်တယ်လို့လဲြေ့ပာသွားပါတယ် ။

‘ ကျွန်တော့်ကို ဒီထက်မကတဲ့နေရာလေးတစ်ခုရအောင်ဆက်လက်အားပေးပါ၊ အခုဆိုလည်း ကျွန်တော်ခရီးတွေထွက်ပြီး သီချင်းတွေ ပြန်ဆိုနေပါတယ်။ ကျွန်တော်လည်း အများကြီးကြိုးစားနေပါတယ်’ လို့ ပြောသွားခဲ့ပါ တယ်။

Credit:Mizzima


21 Sep 2016     1,366 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment