မိုက်ရိုင်းသည့် သားအား ဖခင်ကိုယ်တိုင် ရဲဒင်းနဲ့ ခုတ်သတ်
22 Sep 2016 1,533 Views

သားဖြစ်သူ၏ မိုင်ရိုင်းစော်ကားမှုများကို သီးမခံနိုင်တော့သည့်အဆုံး ဖခင်ကိုယ်တိုင် ရဲဒင်းနှင့် ခုတ်သတ်ခဲ့သည့်ဖြစ်စဉ်တစ်ခု စက်တင်ဘာလ ၂၁ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့တွင် ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ကရင်ပြည်နယ် ဘားအံမြို့နယ်၊ တဝန်သံကျေးရွာနေ စိန်ဝင်း(ခ)ကျော်ရှောက်အွာ အသက် ၃၆ နှစ်က စက်တင်ဘာလ ၂၁ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် အရက်သေစာမူးယစ်ကာ နေအိမ်သို့ ပြန်ရောက်လာခဲ့ပြီး တူမဖြစ်သူ နော်ရှစ်မိ၊ အသက် ၄ နှစ်နှင့် ဖခင်ဖြစ်သူ ဦးဘမြင့် တို့ကို အော်ဟစ်ဆဲဆိုကာ ပါလာသော တုတ်ဖြင့် ဖခင်ဖြစ်သူကို ရိုက်နှက်ခဲ့သည်။ ဖခင်ကို မိုက်ရိုင်းစွာ ရိုက်နှက်ခဲ့သော သားဖြစ်သူကို ဖခင် ဦးဘမြင့်မှ ရဲဒင်းဖြင့် ခုတ်လိုက်ရာ ဦးခေါင်းငယ်ထိပ် တည့်တည့်တွင် ပြတ်ရှဒါဏ်ရာဖြင့် စိန်ဝင်း(ခ) ကျော်ရှောက်အွာမှာ သေဆုံးသွားခဲ့ပါတယ်။

အဆိုပါ ပြစ်မှုအတွက် ဦးဘမြင့်အား ကရင်ပြည်နယ် ရဲတပ်ဖွဲ့က ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
Ref:သစ်ထူးလွင်







