လင်းလင်း One Man Show Rock Tour
22 Sep 2016 1,625 Views

တေးရေးအဆိုတော်လင်းလင်းက အောက်တိုဘာလဆန်းကစတင်ပြီး မန္တလေး၊ မကွေး၊ တောင်ကြီး၊ မုံရွာနဲ့ ရန်ကုန်မြို့တွေမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေ ပြုလုပ်သွားမှာဖြစ်ပြီး Dream Lover တီးဝိုင်းနဲ့အတူ တွဲဖက်ဖျော်ဖြေသွားပါမယ်။
မြို့ငါးမြို့ ဖျော်ဖြေပွဲခရီးစဉ်အစအဆုံးကို မှတ်တမ်းရိုက်ကူးထားပြီး အခွေအဖြစ် ပြန်လည်ထွက်ရှိသွားမှာဖြစ်သလို မြို့အလိုက်ဖျော်ဖြေပွဲတွေ မတိုင်ခင်မှာလည်း ပရိသတ်တွေနဲ့ တွေ့ဆုံမှုတွေ ပြုလုပ်သွားဦးမှာပါ။ မန္တလေးပွဲ လက်မှတ်များကိုတော့ ကြိုတင်ဝယ်လို့ ရနေပီ ဖြစ်ပါတယ်။

Credit:linlin fb





