BEC-TERO TV

သရုပ်ဆောင် ခိုင်နှင်းဝေက အင်းဝအပ်ချုပ်ဆိုင်အမှုတွင် နှိပ်စက်ခံမိန်းကလေးများဘက်က တရားစရိတ်ကူညီမည်

23 Sep 2016     1,815 Views


ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေက အင်းဝအပ်ချုပ်ဆိုင် နှင့် နှိပ်စက်ခံခဲ့ရသော အိမ်အကူမိန်းကလေးနှစ်ဦးတို့၏ အမှုတွင် တရားစရိတ်နှင့် အထွေထွေ ကုန်ကျစရိတ်များကို အကူအညီပေးသွားမည်ဟု ပြောဆိုလိုက်သည်။
 
ကလေးသူငယ် လူကုန်ကူးမှုတိုက်ဖျက်ရေး သံတမန် တစ်ဦးလည်းဖြစ်သော သရုပ်ဆောင်ခိုင်နှင်းဝေက 
ဒီကိစ္စနဲ့ပတ်သက်ပြီး တခြားလူတွေလည်း ငွေကြေးနဲ့ကူညီကြပါတယ်။ လှူကြပါတယ်။ အစ်မလည်း ဒီကလေး တွေအတွက် ဘာကူညီပေးနိုင်မလဲကြည့်တဲ့အခါ ဒီငွေကြေးနဲ့ကူညီနိုင်တယ်။ အစ်မကလည်း ကလေးသူငယ် လူကုန်ကူးတိုက်ဖျတ်ရေးသံတမန်တယောက်အနေနဲ့ တရားရင်ဆိုင်တဲ့အခါ လိုအပ်တဲ့ငွေကြေးကို ကူညီသွား မယ်ပေါ့။ တရားရင်ဆိုင်ရင် ဘယ်လောက်ကြာမလဲမသိဘူးလေ။ ဒီတရားရင်ဆိုင်တဲ့ကာလ၊ အမှုပြီးတဲ့အထိကို တရားစရိတ်ရော၊ သူတို့လေးတွေသွားလာတဲ့အခါ ကုန်ကျမယ့်အထွေထွေစရိတ်ကို အမှုပြီးတဲ့အထိ ကူသွားပါ မယ်။
ဟု ပြောသည်။
 
ကလေးသူငယ်များအား လူကုန်ကူးမှုပပျောက်ရေး၊ ကလေးသူငယ်များနှင့် ကလေးလုပ်သားများအပေါ် ညှင်းပန်းနှိပ်စက်မှုပပျောက်ရေးနှင့် ကလေးများအား ညှင်းပန်းနှိပ်စက်နေသူများအနေဖြင့် ယခုအမှုကိုကြည့်ခြင်းဖြင့် အသိတရား၊ လူသားချင်းကိုယ်ချင်းစာတရား ထားတတ်ရန်ရည်ရွည်ကာ ကူညီခြင်းဖြစ်ကြောင်း ခိုင်နှင်းဝေက ပြောကြားခဲ့သည်။
 
Ref:MyitMaKhaMediaGroup

23 Sep 2016     1,815 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS