BEC-TERO TV

၁၉ နှစ်သား ဟက်ကာ iPhone 7 ကို ၂၄ နာရီအတွင်း ထောင်ဖောက်နိုင်ခဲ့

23 Sep 2016     1,231 Views


Apple ရဲ့ ထုတ်ကုန်အသစ် iPhone 7 ဈေးကွက်ထဲရောက်လာတာ တစ်ပတ်လောက်ပဲရှိပါသေးတယ်။ ဒါပေမယ့် ဟက်ကာတွေက iPhone 7 ကို ထောင်ဖောက်(Jailbreak) ကြိုးစားနေခဲ့ရာမှာ ၁၉ နှစ်အရွယ် ‘လူကာ တော့ဒ်ဒက်စ္စကို’ ဆိုတဲ့ ဟက်ကာတစ်ယောက်က iOS 10 စနစ်ပါတဲ့ iPhone 7 ကို ၂၄ နာရီအတွင်းမှာပဲ အောင်မြင်စွာ ထောင်ဖောက်နိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ 
 
Apple က iPhone 7 မှာ ခက်ခဲအောင် အတော်လေးလုပ်ထားပါတယ် ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်း လုံခြုံမှုရှိသေးတာတော့ မဟုတ်ပါဘူးလို့ 'တော့ဒ်ဒစ္စကို’ က ဆိုပါတယ်။ သူ့ရဲ့ တွစ်တာမှာ ထောင်ဖောက်ထားတဲ့ iPhone 7 ရဲ့ ပုံတွေကို ဝေမျှခဲ့ပြီး Jailbreak tool ကိုတော့ အများသုံးနိုင်အောင် ဖြန့်ဝေမှာ မဟုတ်ဘူးလို့ ရေးသားခဲ့ပါတယ်။
 
Apple ရဲ့ iOS 10.1 beta ဗားရှင်းမှာလည်း အားနည်းချက်၊ ပျော့ကွက်တွေ တွေ့ထားတယ်လို့ ‘တောဒ်ဒက်စ္စကို’ က ပြောပါတယ်၊ သူ့အနေနဲ့ တွေ့ထားတဲ့ အားနည်းချက်တွေကို Apple ကို အသိပေးမလား၊ မပေးဘူးလားဆိုတာကို မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။
 
Jailbreak လုပ်ထားတဲ့ iPhone 7 ကို ဗီဒီယိုတွင် ကြည့်နိုင်ပါသည်။
 

23 Sep 2016     1,231 Views




RELATED

Most Popular of Special or Others

Most Popular of NEWS