ကေအေတီ စီစဉ်ခဲ့တဲ့ ခမ်းနားတဲ့ဘဝရဲ့ကဗျာ တေးစီးရီး မိတ်ဆက်ပွဲ
23 Sep 2016 1,852 Views

လွန်ခဲ့တဲ့ ၃နှစ်ကျော်က ကွယ်လွန်သွားပီဖြစ်တဲ့ တေးရေး ကေအေတီ ခမ်းနားတဲ့ဘဝရဲ့ကဗျာ တေးစီးရီး မိတ်ဆက်ပွဲ ကို ရန်ကုန်မြို့ Orchid ဟော်တယ်မှာ ပြုလုပ်ခဲ့ပါတယ်။ အခွေမှာ တေးရေး ကေအေတီ ရဲ့ သီချင်း ၄ပုဒ်သာ ပါဝင်နိုင်ခဲ့ပြီး ဟန်ထွန်း ၊ ဇော်ပိုင် ၊ Rဇာနည် ၊ သအို ၊ ကောင်းမြတ် ၊ စိုင်းလိက် ၊ Lဆိုင်းဇီ ၊ ဖြူ ဖြူ ကျော်သိန်း ၊ ပိုးရည် ၊ ချမ်းချမ်း ၊ Nကိုင်ရာ တို့ ပါဝင်ကြမှာ ဖြစ်ပါတယ်။ ကေအီတီ ရေးထားတဲ့ သီချင်းတွေ ကြီးပဲ ထုတ်ဖို့ စီစဉ်ထားခဲ့ ပေမယ့် အခွေထွက်ရှိလာတဲ့ အချိန်မှာ အခြားတေးရေးတွေလဲ ပါဝင်လာခဲ့ ပါတယ်။ အောက်တိုဘာ 2 ရက်နေ့မှာ BoBo Music ကနေ ဖြန့်ချီပေးသွားမှာ ဖြစ်ပါတယ်။ အခွေကို ကေအေတီ မကွယ်လွန်ခင် လွန်ခဲ့တဲ့ ၄နှစ်ထဲက ရည်ရွယ်ပြုလုပ်ခဲ့တာလဲ ဖြစ်ပါတယ်။




