BEC-TERO TV

ရန်ကုန်-သံလျင် တံတား အချိန်မရွေးကျိုးကျနိုင်မည့် အန္တရာယ်ရှိနေ

26 Sep 2016     1,833 Views


ရန်ကုန်-သံလျှင် မြစ်ကူးတံတားကို ကန်ထရိုက်စနစ်နဲ့ တံတားကြေးလမ်းကြေး ကောက်ခံရန် ချပေးထားခဲ့သည့်အတွက် တန်ပိုများကို တင်ဆောင်သည့် ကားကြီးများကပါ ဖြတ်သန်းနေသဖြင့် တံတား၏ အခြေအနေမှာ အချိန်မရွေး ကျိုးကျသွားနိုင်သည့်အတွက် စည်းကမ်းနဲ့အညီဆောင်ရွက်နိုင်ရန် ကန်ထရိုက်ထံမှ ဆောက်လုပ်ရေးဝန်ကြီးဌါနသို့ ပြန်လည်လွှဲပြောင်းရန် တောင်းဆိုထားကြောင်း သတင်းရရှိပါသည်။
 
ကန်ထရိုက်ပေးထားတဲ့ အခါကျတော့ ကုန်ကားတွေပါဖြတ်တယ်၊ ဘောက်ဆာကားတွေ၊ ကွန်ကရစ်တင်ကားတွေ အချိန်မရွေး ကျိုးကျသွားနိုင်တယ်၊ အဲ့တော့သည်တံတားကိုလည်း ကျွန်တော်တို့ဆီပြန်လွှဲပေးပါဆိုပြီး စာရေးပြီးတောင်းထားပြီးပါပြီ
ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက ပြောပါတယ်။
 
ရန်ကုန်-သံလျှင် မြစ်ကူးတံတားကို ၁၉၉၃ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး တန်ပိုများ ဖြတ်သန်းတင်ဆောင်မှုများ ရှိခဲ့တာကြောင့် တံတား၏ ကြံခိုင်ရေးမှာ အားနည်းလာပြီဖြစ်သည်။ ဝန်ကြီးဌါန၏ လက်အောက်သို့ တံတားပြန်လည် ​ရောက်ရှိလာပါက ပြုပြင်ထိန်းသိမ်းမှုများနဲ့အတူ လေးလမ်းသွားတံတားသစ် တစ်စင်းကို ကပ်လျက်မှာ ထပ်မံတည်ဆောက်သွားမှာဖြစ်ပါတယ်။ တံတားရဲ့ ဒီဇိုင်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (JICA) ၏ အကူအညီနှင့် ရေးဆွဲနေကြောင်း သတင်းရရှိပါသည်။
 
Ref:kumudra

26 Sep 2016     1,833 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS