BEC-TERO TV

မီးလောင်ဒဏ်သင့်ခဲ့သော်လည်း ဘဝကိုအရှုံးမပေးခဲ့သူ

27 Sep 2016     1,248 Views


အန်ဒရာဂရန့် အသက် ၈ နှစ်အရွယ်မှာ သူမရဲ့ မောင်လေးနဲ့အတူ မီးလောင်နေတဲ့ အိမ်ထဲမှာ ပိတ်မိနေခဲ့ပါတယ်။ မီးလောင်ခံလိုက်ရတဲ့ ဒဏ်ရာတွေက သူမကို အသက်မသေခဲ့စေပေမယ့် အရွယ်ရောက်လို့ အိမ်ထောင်ပြုတဲ့အခါ ကိုယ်ဝန်ဆောင်ဖို့ ဘယ်တော့မှ မဖြစ်နိုင်တော့ဘူးလို့ ဆရာဝန်တွေက မှတ်ချက်ပေးခဲ့ကြပါတယ်။ ဒါပေမယ့် ကံအားလျော်စွာနဲ့ပဲ အဲဒီမှတ်ချက်က မှားယွင်းကြောင်း သက်သေပြနိုင်ခဲ့ပါပြီ။
 
 
ဓါတ်ပုံပညာရှင် တားရေ့စ် အာမန်း ရိုက်ကူးပေးထားပြီး သူမရဲ့ ကိုယ်ဝန်ဆောင်ဓါတ်ပုံတွေကို Instagram မှာ တင်ထားနိုင်ခဲ့ပါတယ်။ ယခုလို ဓါတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာပေါ်ကို တင်ရတဲ့ ရည်ရွယ်ချက်ကတော့ မီးလောင်ဒဏ်ခံစားထားရတဲ့ ကမ္ဘာပေါ်လူသားတွေ အားလုံးအတွက် တစ်စုံတစ်ရာ စိတ်ဓါတ်ခွန်အား ရရှိစေချင်လို့ ဖြစ်ပါတယ်။
 
 
သူမ မီးလောင်ခံရစဉ်တုန်းက ခန္ဓာကိုယ်အစိတ်အပိုင်း အတော်များများနဲ့ ဝမ်းဗိုက်တစ်ခုလုံးကိုပါ လောင်ကျွမ်းခံခဲ့ရတာဖြစ်ပါတယ်။ ယခုတော့ သူမဟာ ၃၇ ပတ်သားကိုယ်ဝန်ကို လွယ်ထားနိုင်ပါပြီ။ သူမရဲ့ အသားအရေတွေ ပြန်လည်နူးညံ့လာစေဖို့ အလှဆီကရင်မ်တွေကို တစ်ရက်မှာ နှစ်ကြိမ်လူးပါတယ်။
မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်နိုင်ပြီဆိုရင် ဘယ်သူကမှ ဖျက်ဆီးလို့မရပါဘူး
သူမရဲ့ မြဲမြံသော ခံယူချက်ဖြစ်ပြီး မိမိကိုယ်ကို အကြွင်းမဲ့ ချစ်တတ်အောင်လည်း သင်ယူထားသူ တစ်ယောက်ပါ။ ခရစ်ယာန်ဘုရားကျောင်း တစ်ခုမှာ သူပြောခဲ့တဲ့ စကားတစ်ခွန်းက -
ကိုယ့်ကိုယ်ကို မှန်ထဲမှာ ကြည့်ပြီး ကိုယ့်မှာ ချစ်စရာကောင်းတဲ့ အရာတစ်ခုကိုရှာဖွေပါ၊ တွေ့ပြီဆိုရင် အဲသည်အရာနဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုတည်ဆောက်ပါ” လို့ ပြောခဲ့ပါတယ်။
 
မီးလောင်ဒဏ်ရာတွေနဲ့ ရိုက်ကူးထားတဲ့ သူမရဲ့ ဓါတ်ပုံတွေဟာ အင်တာနက်မှာ ပျံ့နှံ့ပြီး အားပေးကြည့်ရှုသူတွေ များပြားခဲ့ပါတယ်။

27 Sep 2016     1,248 Views




RELATED

Most Popular of Special or Others

Most Popular of NEWS